ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) ဒုတိယနေ့သို့ တက်ရောက်ဆွေးနွေး

 

နေပြည်တော်    မတ်   ၂၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌   ရောက်ရှိနေသည့်   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ မတ် ၂၆ ရက်က ဆိုချီမြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယား  နည်းပညာအခြေခံသည့်  ဆန်းသစ်တီထွင်မှုဖိုရမ်  (၂၀၂၄)  (XIII International Forum ATOMEXPO 2024 ) ဒုတိယနေ့သို့ တက်ရောက် ဆွေးနွေးသည်။ 
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၆ ရက် နံနက်ပိုင်းတွင် Advanced Training for Generation IV NPP Personnel: Driver for sustainable deve-lopment စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ကြည့်ရှုလေ့လာ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Proryv’s Sirius  Robotics  Training  and  Experimental Center သို့သွားရောက်၍ ဆန်းသစ်တီထွင် ထုတ်လုပ် ထားသည့် နည်းပညာမြင့်စက်ရုပ်များ၊ ဘက်စုံသုံးနှင့် သယ်ယူပို့ဆောင်ရေး စက်ရုပ်များ၊ စက်ပစ္စည်းများ အားလုံးကို  စက်များဖြင့်  ဝန်ဆောင်မှုပေးနိုင်သော အပြန်အလှန်လဲလှယ်နိုင်သော   module   များဖြင့် မောင်းသူမဲ့ ထုတ်လုပ်မှုအတွက် ဒီဇိုင်းထုတ်ထားမှု များကို ကြည့်ရှုလေ့လာသည်။
မွန်းလွဲပိုင်းတွင်       ပြည်ထောင်စုဝန်ကြီးသည် nuclear   infrastructure:  Drivers  of  Nuclear Projects ခေါင်းစဉ်ဖြင့် Sirius Park of Science and  Art  ၌   ကျင်းပသည့်   ဆွေးနွေးပွဲသို့    အထူး ဖိတ်ကြားထားသော           ဧည့်သည်တော်အနေဖြင့် တက်ရောက် ဆွေးနွေးသည်။  
ပူးပေါင်းဆောင်ရွက်သွားမည်
ပြည်ထောင်စုဝန်ကြီးက    ဆွေးနွေးပြောကြား ရာတွင်  နျူကလီးယားစွမ်းအင်သည် အနာဂတ်ကို  ပုံဖော်ရန်အတွက် အလားအလာရှိသည့် သန့်ရှင်းပြီး ရေရှည်တည်တံ့သော  စွမ်းအင်၏  မရှိမဖြစ်လိုအပ် သည့်အရင်းအမြစ်ဖြစ်သည်ဟု      ရှုမြင်ပါကြောင်း၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် နျူကလီးယား စွမ်းအင်ကို အသုံးချခြင်းသည် ပြည်သူများ၏ လူမှု  စီးပွားဘဝ   သာယာဝပြောရေးကို    မြှင့်တင်ရာတွင် များစွာအထောက်အကူ        ဖြစ်စေနိုင်ပါကြောင်း၊ ဘေးကင်းလုံခြုံပြီး     ရေရှည်တည်တံ့      ခိုင်မြဲသော နျူကလီးယား စွမ်းအင်အစီအစဉ်အတွက် လိုအပ် သည့် အခြေခံအဆောက်အအုံများကို ဂရုတစိုက် စီစဉ်၍   ပြင်ဆင်ထားရမည်ဖြစ်ပြီး    ရေရှည်ကတိ ကဝတ်များ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် နျူကလီး ယား  အခြေခံအဆောက်အအုံများ  တိုးမြှင့်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီ၏ အကူအညီ ကို ရယူလိုကြောင်း၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက် နျူကလီးယားနှင့် ဓာတ်ရောင် ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနယ်ပယ်တွင်  ရုရှားဖက်ဒရယ်  ပတ်ဝန်း ကျင်၊ စက်မှုနှင့်နျူကလီးယားကြီးကြပ်ရေး ဝန်ဆောင် မှုလုပ်ငန်းနှင့်       ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် မြန်မာနိုင်ငံသည် အဏုမြူစွမ်းအင်ဆိုင်ရာ  အာဆီယံကွန်ရက် (ASEANOM) နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း။
မောင်းနှင်အားတစ်ခုဖြစ်
နျူကလီးယားအခြေခံ     အဆောက်အအုံသည် နျူကလီးယားစက်ရုံများ ဘေးကင်းလုံခြုံစွာ လည်ပတ် ရန်အတွက်     လိုအပ်သော     တရားဝင်စည်းမျဉ်း စည်းကမ်း၊    နည်းပညာနှင့်    လူသားအရင်းအမြစ် စွမ်းရည်များကို ပံ့ပိုးပေးသည့် မည်သည့်နျူကလီး ယား စီမံကိန်းအတွက်မဆို အရေးပါသည့် မောင်းနှင် အားတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ATOM EXPO  2024 FORUM တက်ရောက်စဉ်  မတ် ၂၅ ရက်က  ရုရှားနိုင်ငံ 24 RUSSIA မီဒီယာကို လက်ခံတွေ့ဆုံပြီး ကမ္ဘာကြီးနှင့် အနာဂတ်မျိုးဆက်များ၏ လုံခြုံသော ဘဝအတွက် ကမ္ဘာလုံးဆိုင်ရာ "net zero emission program” ကို အောင်မြင်စေရန် သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေသော နျူကလီးယားနည်းပညာများ  အသုံးပြုခြင်း၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် နျူကလီးယားစွမ်းအင်ကို အသုံးချခြင်းသည် ပြည်သူ များ၏ လူမှုစီးပွားဘဝ သာယာဝပြောရေးကို မြှင့်တင် ရာတွင်         များစွာအထောက်အကူဖြစ်စေခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    အစိုးရနှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့အကြား နျူကလီး ယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့်  အသုံးပြုနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ   (IAEA)  က    ချမှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျည်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး အလေးပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ တော်၏ (Nuclear Infrastructure) နျူကလီးယား အခြေခံအဆောက်အအုံ   တိုးတက်ရေးဆောင်ရွက် လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ မေးမြန်း မှုများပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်