
ငွေဆောင် မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ တွင် မတ် ၂၇ ရက် တပ်မတော်နေ့တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ သဲသောင်ပြင်နှင့် ပင်လယ်ရေ သန့်ရှင်းခြင်း၊ ဟိုတယ်၊ ဧည့်ရိပ်သာများ၏ ဝန်ဆောင်မှု ကောင်းမွန်ခြင်းတို့ကြောင့် နှစ်စဉ် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားရာ နေရာ တစ်ခုဖြစ်ပြီး တပ်မတော်နေ့၊ အများပြည်သူ(ရုံးပိတ် ရက်) ၌ မြို့ထဲရှိ အမှတ်တရပစ္စည်းအရောင်းဆိုင် များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ speedboat, BananaBoat စီးကြ သူများ၊ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့ သွားရောက်လည်ပတ်ကြသူများ ဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များ အေးချမ်း ပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး၊ ကမ်းခြေစျေး ရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်း နှင့်အညီ ရောင်းချမှုရှိစေရေးနှင့် ယာဉ်ကြောပိတ်ဆို့ မှု မဖြစ်စေရေးတို့အတွက် ငွေဆောင်မြို့အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင် နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာန ဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)