နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး (၇၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား ဂါရဝပြု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး  (၇၉)နှစ်မြောက် တပ်မတော်နေ့
အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့ဆုံ
 

နေပြည်တော်   မတ်    ၂၇


(၇၉)   နှစ်မြောက်  တပ်မတော်နေ့ စစ်ရေးပြ  အခမ်းအနားသို့ တက် ရောက်ကြသည့်        လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၂   ဦးနှင့်   တတိယအဆင့်   ၂   ဦး စုစုပေါင်း    ၄   ဦးတို့အား    နိုင်ငံ တော်      စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်  (ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က  ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ     ဧည့်ခန်းမ ဆောင်၌  လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍           ဂါရဝပြု တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီး ချုပ်  (ကြည်း)  နှင့်ဇနီး၊   ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊  ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ က  လွတ်လပ်ရေး   မော်ကွန်းဝင် ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေ အနေများအား တစ်ဦးချင်းမေးမြန်း
အားပေးစကား        ပြောကြားပြီး အားဖြည့်         ငှက်သိုက်များနှင့် ဂါရဝပြုချီးမြှင့်ငွေများကို ကိုယ်တိုင် ကိုယ်ကျ       ဂါရဝပြု       ပေးအပ် ကြသည်။ 


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်  (ကြည်း)  နှင့်    ဇနီးတို့သည် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် များနှင့်အတူ    လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများကို အတူ တကွ သုံးဆောင်ကြသည်။  


၂၀၂၄  ခုနှစ်တွင်  ကျရောက် သော (၇၉) နှစ်မြောက် တပ်မတော် နေ့      စစ်ရေးပြအခမ်းအနားသို့  တက်ရောက်ရန် ရောက်ရှိနေသည့်  လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ် များဖြစ်ကြသည့်    လွတ်လပ်ရေး မော်ကွန်းဝင်      တတိယအဆင့် ဦးမောင်မောင်သည် အသက် ၁၀၁  နှစ်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးကျော်စိန် သည် အသက် ၁၀၀ နှစ်၊ လွတ်လပ်ရေး မော်ကွန်းဝင်       တတိယအဆင့် ဦးအေးသိန်းသည်   အသက်   ၉၆ နှစ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင်  ဒုတိယအဆင့်     ဦးဘချောသည် ၉၆    နှစ်တို့ဖြစ်ကြပြီး   ကျန်းမာ သန်စွမ်းလျက်ရှိကြောင်းနှင့် ဂျပန် တော်လှန်ရေး      ဆောင်ရွက်ခဲ့မှု များကို         ပြန်လည်ပြောပြရင်း ငယ်မူငယ်သွေးအပြည့်ဖြင့် နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန် ကိန်းအောင်းလျက်ရှိကြကြောင်း သတင်းရရှိသည်။


 သတင်းစဉ်