နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး  ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

(၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး  ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

နေပြည်တော်   မတ်   ၂၇


ယနေ့ ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြသည့်      တပ်မတော်တွင်  တာဝန်ထမ်းဆောင်ခဲ့သည့်      အငြိမ်း စား    တပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက    ဂါရဝပြုကန်တော့သည့်   အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ  ဇေယျာသီရိဗိမာန်   ဧည့်ခန်းမ ဆောင်၌ ကျင်းပပြုလုပ်သည်။


ဂါရဝပြုကန်တော့


အဆိုပါ    ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော် အရာရှိကြီး ၁၆  ဦးနှင့်  ဇနီး  ၁၀  ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး    နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး       ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်း သန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်ဇနီး၊      ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိ ကြီးများနှင့်  ဇနီးများက   တက်ရောက် ဂါရဝပြုကန်တော့ကြသည်။


အခမ်းအနားတွင်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   က    ဂါရဝပြုစကား ပြောကြားရာတွင်      တပ်မတော်၏ အစဉ်အလာနှင့်အညီ  မိမိတို့အနေဖြင့်  တပ်မတော်၏   တာဝန်များကို    အစဉ် အဆက်  ဆက်ခံခဲ့ကြသူများဖြစ်ပြီး    ယခု အခမ်းအနား တက်ရောက်လာကြသည့်   တပ်မတော် အငြိမ်းစားအရာရှိကြီးများ သည်   မိမိတို့၏    မိဘဆရာများပင်ဖြစ်ပါ ကြောင်း၊  တပ်မတော်အနေဖြင့်    ခေတ် အဆက်ဆက်    နိုင်ငံတော်ပြိုကွဲမည့်      အန္တရာယ်များမှ ထိန်းသိမ်းကာကွယ်ခဲ့ရ ပါကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)  နှင့်အညီ      နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပါကြောင်း၊ အချို့ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့များ အနေဖြင့် တိုင်းရင်းသားရေးနှင့် နိုင်ငံရေး ကို အကြောင်းပြ၍  အကြမ်းဖက်လုပ်ရပ် များကို    လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့်   တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဖြင့်    ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေ အနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်   အရန်တပ်ဖွဲ့ဥပဒေကို    အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး   ထာဝရတည်ငြိမ်အေးချမ်း သည့်     ပြည်ထောင်စုကြီးဖြစ်စေရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အငြိမ်းစားတပ်မတော် အရာရှိကြီးများအနေဖြင့်       ယခုကဲ့သို့ တပ်မတော်နေ့များသို့ နှစ်စဉ်တက်ရောက် ချီးမြှင့်ပေးသည့်အတွက်   ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗုဒ္ဓဘာသာ အစဉ်အလာနှင့်အညီ       ယခုကဲ့သို့ အထက်အောက်    ရိုသေလေးစားမှုဖြင့်   ကျေးဇူးတရားကို    သိရှိစွာ    ဂါရဝပြု ကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင်    ဖြစ်ပါ ကြောင်း  ပြောကြားသည်။


မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာ ကြသည့်    တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ)  မိသားစုများကိုယ်စား  အငြိမ်းစား တပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ရိုသေ စွာဖြင့် ဂါရဝပြုကန်တော့ကြသည်။


ဆုမွန်ကောင်းတောင်း


ထို့နောက်   ကန်တော့ခံ   အငြိမ်းစား တပ်မတော်အရာရှိကြီးများ    ကိုယ်စား ဗိုလ်ချုပ်ကြီး   သိန်းစိန်၊    ဗိုလ်မှူးကြီး ညွန့်ဆွေနှင့်       ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က    ယခုကဲ့သို့     နှစ်စဉ် နှစ်တိုင်း   တပ်မတော်နေ့ရောက်သည့် အချိန်တိုင်းတွင် မိမိတို့ကဲ့သို့ တပ်မတော် အငြိမ်းစားအရာရှိကြီးများနှင့်     ဇနီး များအား   ဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏      ကောင်းမြတ်သည့် ဂုဏ်ယူဖွယ် အစဉ်အလာကောင်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး     အမှူးပြုသည့် တပ်မတော်သားများနှင့်   မိသားစုဝင် များအားလုံး       စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်  ပြည့်စုံကြပါ စေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့်  အခြားဩဝါဒစကားများကို   ပြော ကြားကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊  တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက     အငြိမ်းစား      တပ်မတော် အရာရှိကြီးများနှင့်ဇနီးများထံ  ဂါရဝပြု လက်ဆောင်ပစ္စည်းများကို   ကိုယ်တိုင် ကိုယ်ကျ  ရိုသေစွာ  ဂါရဝပြု  ပေးအပ်ကြ သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ သည်  အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊  ဇနီးများနှင့်အတူ   အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်   ဇနီးတို့သည်  အခမ်း အနားတက်ရောက်လာကြသည့်  အငြိမ်း စား တပ်မတော်အရာရှိကြီးများနှင့် ဇနီး များအား   ရင်းရင်းနှီးနှီး   နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်