နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချအလေးပြု

 

နေပြည်တော်   မတ်   ၂၇


ယနေ့ ကျရောက်သည့်  (၇၉)   နှစ် မြောက်   တပ်မတော်နေ့အထိမ်း အမှတ်အဖြစ်     ယနေ့နံနက်ပိုင်း တွင်      သူရဲကောင်းဗိမာန် (နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခြင်း  အခမ်းအနားကို ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး     သတိုးမဟာ သရေစည်သူ     သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်    တက်ရောက်၍ ဂုဏ်ပြုပန်းခြင်းချ      အလေးပြု သည်။


တက်ရောက်


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်  (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း၊  ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး   သီရိပျံချီ    စည်သူ မောင်မောင်အေး၊    ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဒုတိယ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်      ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်     (လေ) ဗိုလ်ချုပ်ကြီး    ဇေယျကျော်ထင် စည်သူထွန်းအောင်၊    အငြိမ်းစား တပ်မတော်       အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်   တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။


အလေးပြု

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေး      ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်း        ဗိမာန်အတွင်းနှင့် ရင်ပြင်တွင်  နေရာယူကြပြီး နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က     ဂုဏ်ပြုပန်းခြင်းချ ပြီး       တက်ရောက်လာကြသည့် တပ်မတော်   အရာရှိကြီးများနှင့် အတူ    သူရဲကောင်းစစ်သည်များ အား အလေးပြုကြသည်။


လှည့်လည်ကြည့်ရှု


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်  တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်းဗိမာန် (နေပြည်တော်) ဧည့်သည်တော်  မှတ်တမ်းစာအုပ် တွင်         လက်မှတ်ရေးထိုးပြီး သူရဲကောင်း        ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။        

သတင်းစဉ်