(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်  တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်   မတ်   ၂၇


၂၀၂၄  ခုနှစ်၊  မတ်လ  ၂၇  ရက်နေ့၊  ယနေ့တွင် ကျရောက်သည့်  (၇၉) နှစ်မြောက်  တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။     


ဦးစွာ စစ်ရေးပြအခမ်းအနားတွင်  ပါဝင်ချီတက် ကြမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြ စစ်ကြောင်းကြီးများအလိုက်  သစ်တပ်စစ်ရေးပြကွင်း ၌  စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီ အစဉ်အတိုင်း    ဆောင်ရွက်ကြသည်။    ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြ ကွင်းအတွင်းရှိ သတ်မှတ်နေရာ၌နေရာယူကြသည်။


အနော်ရထာစစ်ကြောင်း


ဆက်လက်ပြီး     စစ်ရေးပြမှူးကြီး     ဗိုလ်ချုပ် သိန်းဇော် ဦးဆောင်၍  အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး  ဗိုလ်မှူးချုပ် စန်းယုနိုင်  ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊  အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု  စစ်ရေးပြတပ်ခွဲ၊   လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့  အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊   လျှပ်စစ်နှင့်   စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု    စစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်   ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်   ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့   ပါဝင် သည့် အနော်ရထာစစ်ကြောင်း။


ကျန်စစ်သားစစ်ကြောင်း


စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တရား တပ်ဖွဲ့   ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု    စစ်ရေးပြ တပ်ခွဲ၊   စစ်လက်နက်ပစ္စည်း    ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊    ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး  ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊      တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၂)၊   ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်    ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် ကျန်စစ်သားစစ်ကြောင်း။


ဘုရင့်နောင်စစ်ကြောင်း


စစ်ကြောင်းမှူး   ဗိုလ်မှူးချုပ်    တင်မောင်သန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ရေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)  ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ၊    ကာကွယ်ရေးဦးစီးချုပ်ရုံး   (ရေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု     စစ်ရေးပြတပ်ခွဲ(၃)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်       ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း။


အောင်ဇေယျစစ်ကြောင်း


စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ရဲရင့်ဝင်း ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)   ကိုယ်စားပြု    (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု   (အမျိုးသမီး)    စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး     (ကြည်း)   ကိုယ်စားပြု (အမျိုးသမီး)  စစ်ရေးပြတပ်ခွဲ(၃)၊     ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)  ကိုယ်စားပြု   အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ(၁)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး  (ကြည်း)      ကိုယ်စားပြုအမျိုးသမီး (ပညာသည်)    စစ်ရေးပြတပ်ခွဲ(၂)၊   ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)    ကိုယ်စားပြု    အမျိုးသမီး (ပညာသည်) စစ်ရေးပြတပ်ခွဲ(၃)တို့    ပါဝင်သည့် အောင်ဇေယျစစ်ကြောင်း။


ဆင်ဖြူရှင်စစ်ကြောင်း


စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြ တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး  (လေ)  ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု  စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (လေ)  ကိုယ်စားပြု    စစ်ရေးပြတပ်ခွဲ(၃)၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်     ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊     အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့်  ဆင်ဖြူရှင် စစ်ကြောင်း။


ဗန္ဓုလစစ်ကြောင်း


စစ်ကြောင်းမှူး   ဗိုလ်မှူးချုပ်  ဇော်ဟိန်းကြိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊  လေကြောင်းချီစစ်ရေးပြ တပ်ခွဲ၊        ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင် ရေး ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု  စစ်ရေးပြတပ်ခွဲ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု    စစ်ရေးပြတပ်ခွဲ၊    တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု   စစ်ရေးပြတပ်ခွဲတို့   ပါဝင် သည့် ဗန္ဓုလစစ်ကြောင်း။


စစ်ရေးပြကွင်းအတွင်းသို့ချီတက်

စစ်ကြောင်းမှူး   ရဲမှူးချုပ်    ဇော်လင်းထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေး ပြတပ်ခွဲ(၂)၊      မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား)  စစ်ရေးပြတပ်ခွဲ(၁)၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု        (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု      (အမျိုးသား)    စစ်ရေးပြတပ်ခွဲ(၄)  တို့   ပါဝင်သည့်  အောင်ဆန်း စစ်ကြောင်းတို့က     စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့   အစီအစဉ်အတိုင်း ချီတက် ကြသည်။


စစ်ချီတေးများကိုသံပြိုင်ဟစ်ကြွေးသီဆို


ထိုသို့  ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏   ဇနီးဒေါ်ကြူကြူလှ၊     ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ် ရေးဦးစီးချုပ်(ကြည်း)  ၏ဇနီး  ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊  ရေ၊  လေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ၏ဇနီး၊   ကာကွယ်ရေး ဦးစီးချုပ်(လေ)၏ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများက ဂုဏ်ပြု ပန်းကုံးများစွပ်၍    ကြိုဆိုကြသည်။   အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊    နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ  အရာရှိ၊ စစ်သည်၊ မိသားစု များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်   မိသားစုများ၊ ရုပ်ရှင်ဂီတအနုပညာရှင်များ၊    ဒေသခံမိဘပြည်သူ များကလည်း    စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက်  သောင်းသောင်းဖြဖြ  ကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြပြီး စစ်ကြောင်း ကြီးများမှ     တပ်မတော်သားများနှင့်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည်    ဇာတိသွေး၊    ဇာတိမာန် အပြည့်ဖြင့်  စစ်ချီတေးများကို  သံပြိုင်ဟစ်ကြွေးသီဆို ချီတက်လာကြပြီး စစ်ရေးပြကွင်းအတွင်းသို့ ရောက်ရှိ နေရာယူကြသည်။ 


သတင်းမီဒီယာများတက်ရောက်


အဆိုပါ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဒုတိယ ကာကွယ်ရေးဝန်ကြီး  Colonel General Alexander Vasilyevich Fominနှင့် အဖွဲ့ဝင်များ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး   ဇေယျကျော်ထင်   ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး  ဇေယျ ကျော်ထင် စည်သူထွန်းအောင်၊ ကောင်စီအတွင်းရေး မှူး၊    တွဲဖက်အတွင်းရေးမှူးနှင့်  ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ    အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင်   မိသားစုဝင်များ၊    အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင် များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ ကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင်  ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ် များ၊   အကြံပေးပုဂ္ဂိုလ်များ၊    ဒုတိယဝန်ကြီးများ၊ တပ်မတော်သား     အငြိမ်းစားသံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများ မှ စစ်သံမှူးများနှင့်  တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ မှဥက္ကဋ္ဌများနှင့်  တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူများ၏   မိသားစုဝင်များနှင့်   ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့်  တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ  ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ကြသည့်    အရာရှိ၊    စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊  မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေးကွပ်ကဲ ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ     ကြက်ခြေနီတပ်ဖွဲ့တို့မှပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း များ၊    ဝိုင်အမ်ဘီအေအသင်းကြီး၊    မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊     မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းဗဟိုတို့မှ တာဝန်ရှိသူ များ၊ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့ သည့်   အနုပညာရှင်များ၊   စစ်ချီသီချင်း၊   စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊     တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်း အရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန် ရှိသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ   ဆရာ၊ ဆရာမများနှင့်    ကျောင်းသား၊   ကျောင်းသူများ၊ အထူးဖိတ်ကြားထားသည့်   ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ  သတင်းမီဒီယာများ တက်ရောက် ကြသည်။ 


စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ       သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည်      တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းသို့ ရောက်ရှိ ပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီး များမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက အလေးပြုကြသည်။ ထို့နောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က     စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်ရေးပြ စစ်ကြောင်းကြီးများမှ     တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက    နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော      တပ်မတော်သားများအား အလေးပြုကြပြီး  သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆို ကြသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး     သတိုးမဟာသရေစည်သူ    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က         မိန့်ခွန်းပြောကြားသည်။ (မိန့်ခွန်းအပြည့်အစုံကို  စာ - ၃ တွင် သီးခြားဖော်ပြ ထားပါသည်။)


ညီညာစွာချီတက်အလေးပြု


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ် မှူးကြီး    သတိုးမဟာသရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား    စစ်ရေးပြမှူးကြီး   ဗိုလ်ချုပ် သိန်းဇော်  ဦးဆောင်သော   စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း    စစ်ကြောင်းပုံဖြင့်   ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။


ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော် (လေ)မှ MTX – 1 A  လေယာဉ်တစ်စင်းနှင့်  PT-6 လေယာဉ်နှစ်စင်းတို့က (၇၉)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုသောအားဖြင့် 79 Logo Formation ပုံစံ အား မီးအလှများတပ်ဆင်၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် နှစ်စင်းက   Trail Formation   ပုံစံဖြင့် လည်းကောင်း၊ Bell-206 ရဟတ်ယာဉ်နှစ်စင်းက Trail Formation   ပုံစံဖြင့်လည်းကောင်း၊    Eurocopter နှစ်စင်းက   Trail Formation ပုံစံဖြင့်လည်းကောင်း၊ H-125 ရဟတ်ယာဉ် နှစ်စင်းက Echelon  Formation ပုံစံဖြင့်လည်းကောင်း၊    Bell-206     ရဟတ်ယာဉ် နှစ်စင်းက
Echelon     Formation    ပုံစံဖြင့်လည်းကောင်း၊ Eurocopter   နှစ်စင်းက   Echelon  Formation ပုံစံဖြင့်လည်းကောင်း၊  BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်   တစ်စင်းက  ရှုရပ်၏ အရှေ့ဘက်  ၄၅ ဒီဂရီ    မြင်ကွင်းမှ   ၂၉၅   ဒီဂရီ လမ်းကြောင်းအတိုင်း    ပျံသန်း၍လည်းကောင်း၊ BEECH 1900D အမျိုးအစား  သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်းက  ရှုရပ်၏   အရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှ ၂၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း၍ လည်းကောင်း။


မီးကျည်များထုတ်လွှတ်


Su-30 SME   စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် နှစ်စင်းက     Echelon  Formation ပုံစံဖြင့် နှစ်ကြိမ်ပျံသန်း၍လည်းကောင်း၊ MiG-29 ဘက်စုံသုံး တိုက်လေယာဉ်တစ်စင်းက ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်၍ လည်း ကောင်း အသီးသီးသရုပ်ပြပျံသန်းကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား အလေးပြုကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး    သတိုးမဟာသရေစည်သူ    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည်     တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကာ စစ်ရေးပြကွင်းကြီးမှ  ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ 


(၇၉)နှစ်မြောက်   တပ်မတော်နေ့    စစ်ရေးပြ ကျင်းပသော  နေပြည်တော်စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့်    ပထမ၊    ဒုတိယနှင့် တတိယ    မြန်မာနိုင်ငံတော်တို့ကို   တည်ထောင်ခဲ့ကြ သော    မင်းသုံးပါးတို့၏    ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၉)နှစ် မြောက်  တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်ကြီး ကိုလည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊  ဗမာ့ကာကွယ် ရေးတပ်မတော်အလံ၊  တပ်မတော်(ကြည်း၊ ရေ၊ လေ)  အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ညွှန်ကြား ရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့်  တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ  တလွင့်လွင့် လွှင့်ထူထားကြသည် ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပြီး ယခုနှစ်တွင် အခြား နှစ်များနှင့်မတူဘဲ  စစ်ကြောင်းကြီးများချီတက်ရာလမ်းကြောင်းတစ်လျှောက်၌     စစ်ကြောင်းများ၏ ကိုယ်စားပြုအရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam  များ၊  မီးဆိုင်းများ၊  Light Box များ၊ Lighting Pole များဖြင့် လည်းကောင်း၊ စစ်ရေးပြကွင်း ကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု ၍ စစ်ကြောင်းကြီးများ၏   ကိုယ်စားပြုအရောင်များ အတိုင်း     ပြောင်းလဲအလှဆင်၍   လည်းကောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light   များ၊   Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်း ကြီးများအား    ဂုဏ်ပြုကြိုဆိုပါ၏    စာတန်းများ၊ နိုင်ငံတော်အလံနှင့်  တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော် ၍လည်းကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံ စင်မြင့်မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade  အလှမီးများဖြင့်လည်းကောင်း၊    မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား   LED Strip Light  များဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး    သတိုးမဟာသရေစည်သူ    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်      ပြန်လည်ထွက်ခွာမည့်   လမ်း တစ်လျှောက်တွင်လည်း  Flag Light Box များ၊ LED Strip Light  များဖြင့် အသီးသီးပုံဖော်အလှဆင်ထား သည်ကို  တွေ့မြင်နိုင်မည်ဖြစ်သည်။


ထို့အပြင်   (၇၉)  နှစ်မြောက်  တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန် - မန္တလေး ကားလမ်းမ နှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်  (ကြည်း၊ ရေ၊  လေ)  စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို   ဖော်ကျူးထားသော ပိုစတာ ကြီးများကို  စိုက်ထူထားရှိပြီး   စစ်ရေးပြကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ဆောင်ပုဒ် များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ် များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲထားရှိ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်