
P စိန်ရတုအလွန် လေးလီနှစ်ပေမို့
ချိန်ယခုအမွန် ဆေးပန်းချီအသစ်တွေနဲ့
ရေးစီလှစ်ပါရဲ့ ညွှန်းစေလွှာ
(ဪ... တပ်မတော်သမိုင်းဆိုတာ)
အေးတကြည်ကြည် အတွေးအစီအရီဖြစ်သမို့
အရေးအလီလီသနစ်ပါကွဲ့ အမွှန်းနဘေကဗျာ။
P အမှန်အကြောင်းပေမို့
ပြန်ပြောင်းကာ ပဝေယခင်ကိုမှန်းရင်လာ့
မချို့အစဉ် ကိုယ့်ဘုရင် ကိုယ့်ပလ္လင်နန်းရယ်နဲ့
လက်ရုံးဆန့်တန်းခဲ့တာက မမေ့နိုင်စဖွယ်မို့
တစ်သက်လုံး အံ့မခန်းဖွဲ့စာသ ယနေ့တိုင်ရယ်ပေါ့
ကမ္ဘာဟိုယခင်ဝယ် ဇွဲအဟုန်ပကတိရယ်က
မြန်မာဆိုရင်ကွယ် ရဲဂုဏ်ရှိလေတော့
(အာရှတစ်လွှားမှာလေ...)
အဓိကရ သတိဓမ္မနဲ့
(ကွယ်...)သိကြပေတာ...။
P ပြန်မတွေးချင်ဖွယ်
ကံမှေးစဉ် အနှီတစ်ခါရယ်မတော့
မသတီစရာအသွယ်သွယ် အနောက်လူတွေ ညစ်ကြသမို့
ပြည်မြန်မာရယ် သဘောက်တစ်မူဖြစ်ရသကွဲ့
အနစ်... မခံပေ...ဘူ့
အညာအကြေ ချင်းကရင်နဲ့ကယားရယ်လို့
မြန်မာတွေ အတွင်းအပြင်တစ်လွှားမှာဖြင့်
လေးမြားလှံ ရရာစွဲပါလို့
တိုက်ပွဲတွေ အလီလီနဲ့
အောင်ပွဲတွေ တစ်ချီတစ်ချီမင့်
မယှဉ်သာသည် လက်နက်ချင်းမမျှလေတော့
ယခင်ပမာအညီ အသက်နဲ့ရင်းကြပေမဲ့
အခင်းရယ်က ပသို့မျှမသာ
အထွတ်အမြတ် အတွေးပိုစရာ ဖယ်ဖယ်ပြေး။
(ကွယ်...)
လွတ်လပ်ရေးဆိုတာ တကယ်မလွယ်သေး။
P သုံးကျိပ်အခြေတည်
ဘုန်းရိပ်တွေ အလီလီပါကွဲ့
အစီအရီ တပ်မတော်သမိုင်းရယ်က
ပျံ့လှိုင်းကာ တံခွန်ထူသမို့
သူမတူ အကြောင်းခံစရာ နိုးကြားအတွေးတွေနဲ့
တဆူဆူ အပေါင်းမြန်မာ အမျိုးသားရေးပေမို့
လွတ်လပ်ရေးရဖို့လည်း ပြည်သူနဲ့အတူ
လွတ်လပ်ရေးထိန်းသိမ်းဖို့လည်း ပြည်သူနဲ့အတူ
ရန်သူဆို တွင်းပ - မခွဲပြီဘူ့
တိုက်ပွဲတွေ အရာအထောင်နဲ့
အောင်ပွဲတွေ အခါခါဆောင်ခဲ့
ပြည်ဘောင်တစ်ခွင် ရန်အလီလီအေးစေဖို့
ထွေးပိုက်လာ အစဉ်အလာမယိမ်းပါဘူ့
ခပ်သိမ်းပြည်တစ်ခွင် လမ်းမှန်မပျောက်တဲ့အပြင်
အောက်ထက်အကြေအညာ ဘေးမသီငြိမ်းလို့
စိမ်းလန်းဝေဖြာ
ကိန်းခန်းကုဋေကုဋာ အောင်နိမိတ်တွေနဲ့
တဘောင်အတိတ် အကောင်းလျှံကာဝေလို့
အပေါင်းမြန်မာတွေ တိုးတက်စေဖို့လေး.....။ ။
မောင်စိမ်းနောင်(လယ်ဝေး)