ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုသုံး ပယ်ချမပေးခဲ့သည့်အတွက် ဝါရှင်တန်ခရီးစဉ် အစ္စရေးဖျက်သိမ်း

 

ဂျေရုဆလင်   မတ်   ၂၆
ဂါဇာကမ်းမြောင်၌     အမြန်ဆုံး    အပစ်အခတ်ရပ်စဲရေးအတွက်  တောင်းဆိုသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချမပေးခဲ့သည့်အတွက် အစ္စရေးအစိုးရသည်   နိုင်ငံ၏ထိပ်တန်းအရာရှိများ  ဝါရှင်တန် သို့သွားမည့်   ခရီးစဉ်ကို   ဖျက်သိမ်းလိုက်ကြောင်း  နိုင်ငံတကာ သတင်းရင်းမြစ်များတွင်  ဖော်ပြထားသည်။
အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားသော Rama-dan (ရာမာဒါန်) လအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး တောင်းဆို သော  ဆုံးဖြတ်ချက်ကို မဲပေးရန် တနင်္လာနေ့တွင် လုံခြုံရေးကောင်စီ က အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ခြင်းဖြစ်သည်။ 
အဆိုပါနေ့တွင်ပင် အစ္စရေးသည် ဂါဇာကမ်းမြောင် မြောက်ပိုင်း ရှိ  အယ်လ်ရှီဖာဆေးရုံနှင့် တောင်ပိုင်းရှိ  အယ်လ်အမဲလ်ဆေးရုံတို့ကို စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း ပြောသည်။ လွန်ခဲ့သော ၂၄ နာရီ အတွင်း  အစ္စရေးတို့၏  ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ  ၁၀၇ ဦးရှိသည့်အတွက်   စုစုပေါင်း  သေဆုံးသူအရေအတွက်မှာ   ၃၂၃၃၃  ဦး  အထိ   မြင့်တက်လာပြီဖြစ်ကြောင်း    ကျန်းမာရေး အာဏာပိုင်များက ပြောသည်။ 
ကုလသမဂ္ဂလုံခြုံရေးကောင်စီ   မဲခွဲဆုံးဖြတ်မှုတွင်     အမေ ရိကန်က  ကြားနေခဲ့သော်လည်း ကျန်ရှိသော လုံခြုံရေးကောင်စီ အဖွဲ့ဝင်  ၁၄  နိုင်ငံက  အဆိုပြုချက်ကို    အတည်ပြုထောက်ခံခဲ့ကြောင်း    သိရသည်။                         အင်န်အိတ်ချ်ကေ