
နေပြည်တော် မတ် ၂၆
စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ် ပန်းတင် ကျေးရွာကို မတ် ၂၅ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် စွပ်စွဲရေးသား ဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
KIA နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ကောလင်းမြို့မှ ဆုတ်ခွာ ထွက်ပြေးသွားပြီး နောက်တွင် ကောလင်းမြို့တွင်း၌ မိုင်းရှင်း လင်းခြင်းလုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကြီး များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် ကျေးရွာများအတွင်းသို့ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခြင်းနှင့် နေအိမ်များ မီးလောင် ပျက်စီးလျက်ရှိသည်။
ယခု ဖြစ်စဉ်သည်လည်း ကောလင်း မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ပန်းတင်ကျေးရွာ အတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နေအိမ်များ မီးရှို့ ထွက်ပြေးသွားခဲ့သည့် အတွက် ပန်းတင်ကျေးရွာရှိ နေအိမ်များ မီးလောင် ပျက်စီးရသည်ကို ပြည်သူများအား သတင်းအမှန် များသိရှိစေရန် ရေးသားဖြန့်ဝေ ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှား စေရန်အတွက် လုပ်ကြံရေးသား ဝါဒဖြန့်ဝေ နေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်