
ရန်ကုန် မတ် ၂၆
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မတ် ၂၆ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသော သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ သံရုံးမှ သံမှူး Mr. Pan Feng ၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယ ပါမောက္ခချုပ် ဦးစိန်မော်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်း တို့လည်း တက်ရောက်ခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai က သန်လျင်မင်း ကျောင်းဆရာတော်ဘုရားကြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခြင်း အတွက် တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကို လွှဲပြောင်းပေးအပ်ခဲ့သည်။ သံအမတ်ကြီး Mr. Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင် ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဗုဒ္ဓဘာသာကူးလူး ဖလှယ်မှု သမိုင်းကြောင်းကြာရှည်ကြောင်း၊ တရုတ် နိုင်ငံက နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလွန်အလေးထားကြောင်း၊ လတ်တလောနှစ်ပိုင်း တွင် မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ပုဂံသဗ္ဗညု ဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ ဗိုလ် တထောင်စေတီတော် ဆံတော်တိုက် လုံခြုံရေးမှန် တံခါးနှင့် အတွင်းနံရံများ Polycarbonate တပ်ဆင် ခြင်း စသည့်စီမံကိန်းများကို ကူညီလုပ်ဆောင်ခဲ့ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း မြန်မာနိုင်ငံ မှ ဗုဒ္ဓဘာသာဘုရားကျောင်းများအတွက် ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ၏ အပြန်အလှန် ဖေးမကူညီသော အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ သန်လျင်မင်း ကျောင်းဆရာတော်ဘုရားကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အမြဲတစေ အလေး ထားကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ကာ တရုတ်နိုင်ငံသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ် တက်ရောက်ခဲ့ဖူးကြောင်း၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးနှင့် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့၏ ဂရုပြုထောက်ခံ အားပေးမှုဖြင့် နှစ်နိုင်ငံက ဗုဒ္ဓဘာသာကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ဆင့်တိုးခိုင်မြဲတိုးတက် လာပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက် အဝန်း တည်ဆောက်မှုအတွက် တစ်တပ်တစ်အား အကျိုးထမ်းဆောင်ပေးမည်ဟု ယုံကြည်ကြောင်း လျှောက်ထားခဲ့သည်။
သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးက တရုတ်နိုင်ငံမှ မိမိတာဝန်ထမ်းဆောင်မှုကို ဂုဏ်ပြု ခြင်းနှင့် လတ်တလောနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လူမှုရေးပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက်ကူညီ ပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိအကြိမ် များစွာ တရုတ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့သည့် အတွေ့အကြုံကို ပြန်လည်မြွက်ကြားတော်မူခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်းဖြစ်ပြီး နက်ရှိုင်းစွာ ဗုဒ္ဓ ဘာသာ ကူးလူးဖလှယ်မှုရှိကြောင်း၊ ဗုဒ္ဓဘာသာသည် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးကိုချိတ်ဆက်ပေးသည့် အရေးပါပေါင်းကူးတံတားဖြစ်ကြောင်း၊ မိမိကိုယ်တိုင် သည်လည်း မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နှင့် ဗုဒ္ဓဘာသာဝင်များကိုဦးဆောင်၍ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင် ရွက်မှုကို ဖော်ဆောင်ကာ မြန်မာ-တရုတ် နှစ်ထောင်ချီ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရေး အတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း မြွက်ကြားတော်မူခဲ့သည်။
သီရိ