
ရန်ကုန် မတ် ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃)နှစ် မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr.Md.Monwar Hossain က နှုတ်ခွန်းဆက်စကားပြောကြား ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလွင်ဦးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့် ဇနီး တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃)နှစ်မြောက် လွတ်လပ်ရေး နေ့နှင့် အမျိုးသားနေ့ အထိမ်း အမှတ် ကိတ်ကို လှီးဖြတ်ပေးကြ သည်။
တည်ခင်းဧည့်ခံ
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီး ဒုတိယ ဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီး နှင့်ဇနီးတို့သည် တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်ကြ သူများအား သံအမတ်ကြီးနှင့်ဇနီး တို့က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့်ဇနီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီ ပြီးဖြစ်သော သံအမတ်ကြီး ဦးကျော်စိုးမိုးနှင့်ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ၊ သံရုံးယာယီတာဝန်ခံ များ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
သတင်းစဉ်