မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

 

နေပြည်တော်   မတ်   ၂၆
မြောက်ပိုင်းတိုင်း    စစ်ဌာနချုပ် နယ်မြေအတွင်း  လုံခြုံရေးတာဝန် များကို  စွမ်းစွမ်းတမံ  ထမ်းဆောင် လျက်ရှိသည့်  လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက်  ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ   ဂုဏ်ပြု ပေးအပ်ပွဲကို   ယနေ့မွန်းလွဲပိုင်း တွင် တိုင်းစစ်ဌာနချုပ် ဗလမင်းထင် ခန်းမ၌ပြုလုပ်ရာ  ကချင်ပြည်နယ် ဝန်ကြီးချုပ်       ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း        စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော် ထွေး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်  တာဝန်ရှိသူများ  တက်ရောက် ကြသည်။
ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ် က    အမှာစကားပြောကြားပြီး လုံခြုံရေး     တပ်ဖွဲ့ဝင်များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ    လှူဒါန်း သော ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း  ၊ ပြည်နယ်အစိုးရအဖွဲ့      လူမှုရေးရာ ဝန်ကြီး     ဦးမိုးမင်းသိန်းက    ငွေကျပ်သိန်း   ၁၀၀   တန်ဖိုးရှိ  စားသောက်ဖွယ်ရာများနှင့် ဆေးဝါး များကိုလည်းကောင်း      ဂုဏ်ပြု ပေးအပ်ရာ  တိုင်းမှူးနှင့်  တာဝန်ရှိ သူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ     ပြန်လည် ပေးအပ်ကာ  ကျေးဇူးတင်စကား  ပြောကြားခဲ့ကြောင်း    သတင်း ရရှိသည်။        သတင်းစဉ်