(၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

 

နေပြည်တော်   မတ်   ၂၆


(၇၉)နှစ်မြောက်  တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့်  “တွဲလက်တူစုံ ချစ်ရိပ်မြုံ”   ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့်   အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆု နှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို  ယနေ့ညနေပိုင်းတွင်  နေပြည်တော်ရှိ     ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌   ကျင်းပပြုလုပ်ရာ   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်  တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
ဂုဏ်ပြုအမှာစကားပြောကြား
ဦးစွာ    တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ  ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး မောင်မောင်အေးက  ဂုဏ်ပြုအမှာစကား ပြောကြားသည်။ 
ဂုဏ်ပြုဆုနှင့်  
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
ထို့နောက် စိတ်ဓာတ်ရေးရာနှင့် လူထု ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ  စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး       စိုးမင်းဦးက “တွဲလက်တူစုံ ချစ်ရိပ်မြုံ”  ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့်    သရုပ်ဆောင်များဖြစ်ကြ သည့်  အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊   အကယ်ဒမီ စိုးမြတ်သူဇာ၊ ဆုကဗျာ၊   ဆောင်းယွန်းစံ၊    ဇာတ်ညွှန်း ထက်မြတ်နိုင်(ကိုယ်စား) ကိုယ်စားလှယ် တစ်ဦး၊ တွဲဖက်ဒါရိုက်တာ  သက်သဇင် ထွဋ်၊ ဒါရိုက်တာ အကယ်ဒမီ တင်အောင်စိုး (ပန်းမြို့တော်)၊  ရိုက်ကူးထုတ်လုပ်ရေး ဒေါက်တာ ဟိန်းထက်အေး(Forever  Group) တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို လည်းကောင်း။ (အပေါ်ယာပုံ)
တပ်မတော်နေ့ကျင်းပရေး    ဦးစီး ကော်မတီဥက္ကဋ္ဌ  တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က   (၇၉) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် စစ်ချီသီချင်း နှင့်စစ်သည်တေးသီချင်းဆု  ရရှိကြသည့် ဂုဏ်ပြုစစ်ချီသီချင်းပြိုင်ပွဲတွင် ပထမဆု ရရှိသူ  တပ်ကြပ် လှိုင်ဝင်းထွန်း၊ ဒုတိယ ဆုရရှိသူ   မြင့်မိုရ်ဦး၊   တတိယဆုရရှိသူ မျိုးဝင်း    (MWD) ၊     စတုတ္ထဆုရရှိသူ အောင်ဇော်ဦး (ရဲတီးဝိုင်း)၊  ပဉ္စမဆုရရှိသူ တပ်ကြပ်ကြီး   ဇော်မျိုးထွန်း၊   စစ်သည် တေးသီချင်းပြိုင်ပွဲတွင်  ပထမဆုရရှိသူ ရှိန်မြင့်ထက်(ဝါးကြီးအိုင့်)၊   ဒုတိယ ဆုရရှိ သူ ဇာမနီ၊ စတုတ္ထဆုရရှိသူ ကျော်ကျော်သိန်း (KKT)၊   ပဉ္စမဆုရရှိသူ    တပ်ကြပ်ကြီး ဇော်ဝင်းထွန်းတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း။
တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်း လှိုင်က (၇၉) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်   ဝတ္ထုစာမူပြိုင်ပွဲတွင်   ကဗျာ ဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိ သူ တာယာ၊ ဒုတိယဆုရရှိသူ  မျိုးချစ် မောင်သောင်း၊ တတိယဆုရရှိသူ ညိမ်းညို၊ စတုတ္ထဆုရရှိသူ  အောင်နိုင်သူ (ဇွဲကပင်)၊ အထူးဆု(၁)ရရှိသူ       ရှိန်မြင့်ထက် (ဝါးကြီးအိုင့်)၊ အထူးဆု(၂)ရရှိသူ  ညွန့်ဝင်း (နတ်တလင်း)၊    အထူးဆု (၃)ရရှိသူ ဟန်ညွန့်(ယဉ်ကျေးမှု)၊ ကဗျာအလွတ်တန်း အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ဆန္ဒကူး သစ္စာ၊ ဒုတိယဆုရရှိသူ  ကိုကို (ရေနံ့သာ)၊ တတိယဆုရရှိသူ ဘုန်းမောင်ဝင်း(ဖျာပုံ)၊ စတုတ္ထဆုရရှိသူ မနောဖြူ၊ ပဉ္စမဆုရရှိသူ မြခြူးအိမ်၊ အထူးဆု(၁)ရရှိသူ မြတ်ထွဏ်း နောင်၊    အထူးဆု(၂)ရရှိသူ   ယိမ်းနွဲ့ (ကိုယ်စား)   ကိုယ်စားလှယ်တစ်ဦးနှင့် အထူးဆု(၃)ရရှိသူ  မျိုးစစ်သည်တို့အား ဂုဏ်ပြုဆုနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများ ကို လည်းကောင်း။ 
စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်  ဇော်မင်းထွန်းက  ဂုဏ်ပြုစစ်ချီ သီချင်း၊  စစ်သည်တေးသီချင်း၊  ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင်  ဆုရရှိသူများဖြစ်ကြ သည့်   ဂုဏ်ပြုဝတ္ထုတိုပြိုင်ပွဲတွင်  ပထမ ဆုရရှိသူ    ရဲမင်းစိုး၊   ဒုတိယဆုရရှိသူ ပင်မြင့်စံ   (ရွှေဘို)၊   တတိယဆုရရှိသူ မောင်စူးရှ (အနောက်ရိုးမ)၊ စတုတ္ထဆုရရှိ သူ ချစ်ခြင်းဖြူ၊ ပဉ္စမဆုရရှိသူ ထက်ပိုင်ဦး (သစ္စာမြေ)၊  အထူးဆု(၂)ရရှိသူ အမောင်၊ အထူးဆု(၃)   ရရှိသူ    ချမ်းမြေ့အောင်၊ ဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ခန့်ပိုင်၊ ဒုတိယဆုရရှိသူ ညိမ်းညို၊ တတိယဆုရရှိသူ တက္ကသိုလ်   မြမဉ္ဇူ၊      စတုတ္ထဆုရရှိသူ မနောဖြူ၊      ပဉ္စမဆုရရှိသူ      အမေ့သား (နတ်မောက်)၊       အထူးဆု(၁)ရရှိသူ မုန်းမောင်မောင်၊     အထူးဆု (၂) ရရှိသူ ကျော်တေဇ  (ဥက္ကလာ)၊   အထူးဆု(၃) ရရှိသူ သန်းဝင်းထွန်း (ဆွာ)တို့အား ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်း ကောင်း ပေးအပ်ကြသည်။
 ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင် တပ်မတော် နေ့ကျင်းပရေး        ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး      မောင်မောင်အေးက တက်ရောက်လာကြသူများအား လက်ဖက် ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး  အဖွဲ့ဝင် များနှင့်အတူ    ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း         သတင်းရရှိ သည်။

သတင်းစဉ်