(၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက်  တပ်မတော်နေ့ အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲအခမ်းအနားကို  ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်သည်။  


အကြိုဂုဏ်ပြုညစာစားပွဲ  စတင်ကျင်းပချိန်တွင် (၇၉)နှစ်မြောက်  တပ်မတော်နေ့ကို  ကြိုဆိုဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ်    တပ်မတော်နေ့စစ်ရေး ပြကွင်းနှင့်   ဘုရင့်နောင်ရိပ်သာတို့မှ  မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သည် (၇၉) နှစ်မြောက်  တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲသို့    တက်ရောက်လာကြ သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် အဖွဲ့ဝင်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့်  ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး  ထွန်းအောင်နှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး နှင့်ဇနီး၊  ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်  ဇနီးများ၊   ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊  ရေ၊  လေ)  အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင်    ပထမအဆင့်၊    ဒုတိယအဆင့်နှင့် တတိယအဆင့်  မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အကြံပေး ပုဂ္ဂိုလ်များ၊  ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီ ဝင်များ၊  နိုင်ငံခြားစစ်သံရုံးများမှ  စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး  သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊   နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ များ၏  မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့၊  သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်  ရရှိခဲ့ ကြသည့် အရာရှိ၊  စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊  အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေး  ကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ   ပုဂ္ဂိုလ်များ၊    ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဝိုင်အမ် ဘီအေအသင်းကြီး၊  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး  စောင့်ရှောက် ရေးအသင်းနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အသင်းဗဟိုတို့မှ  တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင်ပါဝင်ခဲ့သည့်     အနုပညာရှင် များ၊  စစ်ချီသီချင်း၊  စစ်သည်တေးသီချင်း၊  ကဗျာ၊ ဝတ္ထုတို၊  ဝတ္ထုရှည်ပြိုင်ပွဲများတွင်  ဆုရရှိကြသူများ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်းအရုံးနှင့်    သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့တို့မှ   တာဝန်ရှိသူများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ်မှ    ဆရာ၊   ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊  အထူးဖိတ်ကြားထား သည့်   ဧည့်သည်တော်များအား    ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


(၇၉)နှစ်မြောက်  တပ်မတော်နေ့ အကြိုဂုဏ်ပြု ညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေ စဉ်အတွင်း    ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်       စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ အနုပညာရှင်များနှင့် ပြင်ပအနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။


မီးရှူးမီးပန်းများပစ်ဖောက်  

အကြိုဂုဏ်ပြုညစာစားပွဲအပြီးတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက       တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ   အခမ်းအနားအောင်မြင် ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက် မှုကို ကြည့်ရှုအားပေးကြသည်။


ကြည့်ရှုအားပေး


ဆက်လက်ပြီး       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊  ဇနီးဒေါ်ကြူကြူလှ နှင့်   အခမ်းအနားတက်ရောက်လာကြသူများသည် ဇေယျာသီရိဗိမာန်သဘင်ဆောင်အတွင်း၌  ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှုအောက်ရှိ စစ်သည်၊ စစ်သမီးများ၏ “ဤလက်များဖြင့်”  ပြဇာတ် တင်ဆက်ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


ဖျော်ဖြေတင်ဆက်မှုအပြီးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က  စစ်သည်၊  စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ    ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများအား      ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


စိတ်ချမ်းမြေ့ကြည်နူးစွာကြည့်ရှု

(၇၉)နှစ်မြောက်  တပ်မတော်နေ့အထိမ်းအမှတ် ကို  ဂုဏ်ပြုသောအားဖြင့်   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်း    အဝင်လမ်းမကြီးတစ်လျှောက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ် များ၏   အမှတ်တံဆိပ်များ၊   တပ်မတော်ရေယာဉ်၊ ရဟတ်ယာဉ်များ၊ သံချပ်ကာယာဉ်များ၏  ပုံသဏ္ဌာန် များ၊ ပထမ၊  ဒုတိယနှင့်   တတိယမြန်မာနိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးရုပ်တုများကို မီးအလှအပများဖြင့်  လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားရှိကြောင်းနှင့် တပ်မတော်နေ့  အကြိုဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့    တက်ရောက်လာကြသူ များက စိတ်ချမ်းမြေ့ကြည်နူးစွာ  ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။                   

သတင်းစဉ်