
မော်စကို မတ် ၂၃
ရုရှားနိုင်ငံ မော်စကိုမြို့ဆင်ခြေဖုံးရှိ တေးဂီတဖျော်ဖြေပွဲခန်းမတစ်ခု၌ မတ် ၂၂ ရက်က တိုက်ခိုက်မှုတစ်ခု ကြောင့် သေဆုံးသူစုစုပေါင်း ၁၄၃ ဦးအထိ တိုးလာကြောင်း နောက်ဆုံးရရှိသည့် သတင်းအချက်အလက်အရ သိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချ ကြောင်း မတ် ၂၂ ရက်က ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း တိုက်ရိုက်ပါဝင် ပတ်သက်သည်ဟု ယုံကြည်ရသည့် လူလေးဦးအပါ အဝင် ၁၁ ဦးကို ထိန်းသိမ်းထားကြောင်း ရုရှား ၏ ဖက်ဒရယ်လုံခြုံရေးဌာန သို့မဟုတ် အက်ဖ် အက်စ်ဘီ ဒါရိုက်တာ အလက်ဇန်းဒါးဘော့နီကော့ က ရုရှားသမ္မတ ဗလာဒီမာပူတင်ထံသို့ အစီရင်ခံ ခဲ့သည်။
သေနတ်သမားများက မတ် ၂၂ ရက် ညနေပိုင်း တွင် မြို့တော်၏ အနောက်မြောက်ပိုင်း ကရာနိုဂေါ့စ် မြို့ရှိ တေးဂီတဖျော်ဖြေပွဲခန်းမတစ်ခုကို ပစ်ခတ်ခဲ့ သည်။ ထို့နောက် အဆောက်အအုံမှာ မီးလောင်ခဲ့ ကြောင်း သိရသည်။ ရုရှားစုံစမ်းစစ်ဆေးသူများက အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဟု ခေါ်ဆိုခဲ့သည်။ သံသယရှိသူနှစ်ဦးကို ရုရှားနိုင်ငံအနောက်ပိုင်း ဘရိုင်ရန်စ်ဒေသ၌ ထိန်းသိမ်းထားခဲ့ကြောင်း ရုရှားလွှတ်တော်၏ အထက်လွှတ်တော်အမတ်တစ်ဦးက လူမှုကွန်ရက် မီဒီယာတွင် ပြောကြားသည်။ သံသယရှိသူများ ၏ ကားအတွင်း ပစ္စတိုတစ်လက်အပါအဝင် လက်နက်များနှင့် တာဂျစ်ကစ္စတန်နိုင်ငံ နိုင်ငံကူး လက်မှတ်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အိုင် အက်စ်စစ်သွေးကြွအုပ်စုက ၎င်းတို့လက်ချက် ဖြစ်ကြောင်း ပြောကြားပြီး ယူကရိန်းက တစ်စုံ တစ်ရာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆို ထားသည်။
အင်န်အိတ်ချ်ကေ