
ဇေယျာသီရိ မတ် ၂၃
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇေယျာသီရိမြို့နယ် ဝက်စု ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် ဘဲဥ အခြေခံနှင့် ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဝက်စုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်အမှာ စကား ပြောကြားသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရန် နည်း ပညာများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သင်တန်းဆင်း သင်တန်း သားများအနေဖြင့် သင်တန်း ပြီးဆုံးပါက သင်တန်းက ပို့ချပေး လိုက်သော နည်းပညာတွေကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန် တွေ ထုတ်လုပ်သော လုပ်ငန်း ရှင်များအဖြစ် ကြိုးစားဆောင် ရွက်စေလိုကြောင်း ပြောကြား သည်။
ယင်းနောက် နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က သင်တန်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
သင်တန်းသို့ ကျည်တောင် ကျေးရွာအုပ်စု ကံဦးကျေးရွာနှင့် ဝက်စုကျေးရွာတို့မှ သင်တန်းသား သင်တန်းသူ ၁၂ ဦး တက်ရောက် ခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ နည်းပြများ က ဆေးဘဲဥပြုလုပ်နည်း၊ ဆေးငုံး ဥပြုလုပ်နည်း၊ ဆားဘဲဥပြုလုပ် နည်း၊ ခရမ်းချဉ်သီးယို၊ ရှောက်ယို နှင့် ရှားစောင်းလက်ပပ်ယိုပြုလုပ် နည်းများကို မတ် ၁၉ ရက်မှ ၂၃ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရ သည်။
ထွန်းလင်း(ဇေယျာမြေ)