ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအား တောတောင်ရေမြေနှင့် သဘာဝအလှအပများ ကြည့်ရှုခံစားနိုင်ရန် လာရောက်ဖို့ဖိတ်ခေါ်

 

မင်းဘူး   မတ်   ၂၃


ရွှေစက်တော်မန်းချောင်း အပန်း ဖြေဆင်စခန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင် ထားသော   ဆင်စခန်းများတွင် တစ်ခုဖြစ်ပြီး  ပြည်တွင်း ပြည်ပမှ ခရီးသွားလာရန် လွယ်ကူစေရန် နှင့်    လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်နေရာ၊    တော တောင်ရေမြေနှင့် သဘာဝအလှ အပများ၊  စိမ်းစို၍    ရှုခင်းများ ကောင်းသော    နေရာများတွင်  တည်ဆောက်ထားခြင်းဖြစ်သည်။


ရွှေစက်တော်   မန်းချောင်း အပန်းဖြေဆင်စခန်းသည် မကွေး တိုင်းဒေသကြီး   မင်းဘူး (စကု)မြို့နယ်တွင်ရှိပြီး   မြန်မာ့သစ် လုပ်ငန်း မင်းဘူးခရိုင်   သစ်ထုတ် ရေးဒေသ    လက်အောက်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ဆင်စာများအတွက် ဝါးအမျိုးမျိုး နှင့်    ကိုင်းမြက်များ    ပေါများ သည့်အပြင်     ရေအလွယ်တကူရရှိ နိုင်သော မန်းချောင်းဘေး  ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း- ပျော်ဘွယ်    ကြိုးပြင်ကာကွယ် တောတွင် ဖွင့်လှစ်ခဲ့သည်။


ဆင်ထိန်းသိမ်းစောင့်ရှောက် ရေးကို  အခြေခံ၍    ခရီးသွား လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေ ရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် ပြည်သူ လူထုပူးပေါင်းပါဝင်သော (Com-munity Base Toursim) လုပ်ငန်း များ ထွန်းကားလာစေရန်၊   ဆင် များ၏ အလေ့အထအမူအကျင့်နှင့် နေထိုင်မှု သဘာဝများကို  သိရှိ နားလည်ပြီး     ဆင်များအပေါ် ချစ်ခင်မြတ်နိုးတတ်စေရန်၊ Eco-tourism ဖွင့်လှစ်တည်ထောင်ခြင်း ဖြင့် မြန်မာ့သဘာဝတောတောင် ရေမြေ၏ အလှအပတရားများကို ခံစားတတ်လာပြီး     ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ   ပေါ် ပေါက်လာကာ သဘာဝပတ်ဝန်း ကျင်ကာကွယ်ရေးကို အထောက် အကူဖြစ်စေရန်၊    အစိမ်းရောင် စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော် အတွက် ဝင်ငွေရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့်    ရွှေစက် တော်မန်းချောင်း အပန်းဖြေဆင် စခန်းကို         ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း မင်းဘူးခရိုင်  သစ်ထုတ် ရေးဒေသ  မန်နေဂျာ  ဦးဇော်ဝင်း နိုင်ထံမှ သိရသည်။


ရွှေစက်တော်    မန်းချောင်း အပန်းဖြေဆင်စခန်းမှာ ရွှေစက် တော်ဘုရားမှ    နှစ်မိုင်သာဝေး သောကြောင့် စက်တော်ရာ  ပါဒ ခြေတော်ရာနှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းသို့လာကာ    ဆင်များ စီးပြီး မန်းချောင်းတစ်လျှောက်ရှိ တောတောင်ရေမြေ သဘာဝအလှ အပတရားများကို ကြည့်ရှုခံစားရင်း မိမိတို့၏      လုပ်ငန်းခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူ အပန်းဖြေနိုင်မည်     ဖြစ်သည်။ ဆင်စခန်းတွင် ဆင် ၁၃  ကောင် ရှိပြီး  ဆင်စီးခ   နှုန်းထားများမှာ နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။ ယခင် နှစ်များက ရွှေစက်တော်ဘုရားဖူး ကာလဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁  ရက်အထိ သုံးလတာ   ကာလများတွင်သာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူ နှင့် လာရောက်လေ့လာလည်ပတ် သူအများအပြားရှိကြောင်း  သိရ သည်။


မန်းချောင်းအပန်းဖြေ   ဆင် စခန်းတွင် ရေမီးအစုံဖြင့် တည်းခို စရာ    ဘန်ဂလိုများလည်းရှိပြီး ရိုးရိုးတည်းခိုဆောင် တစ်လုံးလျှင် ကျပ် ၄၀၀၀၀၊ VIP တည်းခိုဆောင် အခန်းတစ်ခန်းလျှင် ကျပ် ၇၀၀၀၀ ဖြင့်    တည်းခိုနိုင်သည့်အပန်း ဖြေပြီး  လေ့လာချင်စရာ   အထင် ကရနေရာ တစ်ခုဖြစ်သောကြောင့် ကြည်လင်အေးမြသော မန်းချောင်း ရေကိုချိုး၍ တောတောင်ရေမြေ နှင့် သဘာဝအလှအပတရားများ ကို ဆင်စီးပြီး လေ့လာခံစားလိုလျှင် မကွေးတိုင်းဒေသကြီး    မင်းဘူး (စကု)မြို့နယ်မှ    ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်း သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါ တော့သည်။

ဇေယျာထက်(မင်းဘူး)