(၅၇)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲဖွင့်ပွဲကျင်းပ

 

ရန်ကုန်  မတ်  ၂၁


မြန်မာနိုင်ငံ       ဓာတ်ပုံအသင်း     (၅၇)ကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ  ဓာတ်ပုံပြိုင်ပွဲ   ဆုရအနု ပညာဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၂၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ကမာ ရွတ်မြို့နယ်  ဟံသာဝတီလမ်းရှိ Time City Jewell (၅)လွှာ၌  ကျင်းပခဲ့သည်။
မင်္ဂလာအချိန်၌    အသင်းမှ   ဓာတ်ပုံပညာရှင်ကြီးများ ဖြစ်ကြ သည့် နာယကကြီး ဦးထွန်းရွှေ၊ နာယကကြီး အကယ်ဒမီပန်းချီ စိုးမိုး၊   ဥက္ကဋ္ဌ   ဦးသန်းထွန်းဦး (တက်နေဝင်း)၊    အတွင်းရေးမှူး ဦးကျော်ကျော်ဝင်း   (သမဝါယမ တက္ကသိုလ်)နှင့် အလုပ်အမှုဆောင် များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ကြသည်။ 
  ဆက်လက်၍     နာယက အကယ်ဒမီပန်းချီစိုးမိုး၊    ဥက္ကဋ္ဌ ဦးသန်းထွန်းဦး    (တက်နေဝင်း) တို့က     အဖွင့်အမှာစကားပြော ကြားပြီး ပြပွဲတွင် ပြသထားသော ဆုရဓာတ်ပုံများကို      လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
 ပြပွဲကို မတ် ၂၁ ရက်မှ မတ် ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ        ပြသမည်ဖြစ်ပြီး ဟောပြောပွဲကို နံနက် ၁၀ နာရီမှ စတင်၍ သုံးရက်တိုင် ကျင်းပ သွားမည်ဖြစ်ရာ မတ် ၂၁ ရက်တွင် ဓာတ်ပုံပညာရှင် Michael Aung က လည်းကောင်း၊ မတ် ၂၂ ရက် တွင် ဓာတ်ပုံပညာရှင် ကျော်ကျော် ဝင်း    (X-Photographer)  က လည်းကောင်း၊ မတ်၂၃ ရက်တွင် ဓာတ်ပုံပညာရှင်      မြင့်အောင် (Nonstop)က လည်းကောင်း ဓာတ်ပုံပညာအကြောင်း သိကောင်း စရာများကို ဟောပြောမည်ဖြစ်ရာ စိတ်ဝင်စားသူ     မည်သူမဆို အခမဲ့လာရောက်နိုင်ကြောင်း သိရ  သည်။
ဆုပေးပွဲ    အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲကို  မတ်  ၂၅ ရက် ညနေ ၄ နာရီတွင် ယင်း နေရာ၌ပင်   ပြုလုပ်သွားမည်ဟု သိရသည်။


တင်ဝင်းလေး (ကြည့်မြင်တိုင်)