အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၆) ကြိမ်မြောက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

 

ပဲခူး   မတ်   ၂၁
ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်   အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ မတ် ၂၁ ရက် နံနက်ပိုင်း က  ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့        သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  အစီအစဉ်ဖြင့်     အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား     (၁၆)    ကြိမ် မြောက် အခမဲ့ကျန်းမာရေးစောင့် ရှောက်မှု    ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ ခုတင် (၅၀၀) ဆံ့  အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေးစောင့် ရှောက်မှု လာရောက်ခံယူကြသည့်  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး       ဝန်ထမ်းများက စမ်းသပ်စစ်ဆေး    ကုသပေးနေမှု၊  ဌာနဆိုင်ရာများ၊    မြို့မိမြို့ဖများ၊  လူမှုရေး       အသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ကူညီ ဆောင်ရွက်         ပေးနေမှုများကို     လိုက်လံကြည့်ရှုသည်။
ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား    ရင်းရင်းနှီးနှီး  အားပေးစကား  ပြောကြားသည်။ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား       လစဉ်ကျန်းမာရေး   စစ်ဆေးပေး ခြင်းများအပြင် တစ်ဦးလျှင်လိုအပ် သော   ဆေးဝါးများ    တစ်လစာ အခမဲ့      ထောက်ပံ့ပေးအပ်လျက်  ရှိသည့်အပြင် အကြောင်းအမျိုးမျိုး ကြောင့်      မလာရောက်နိုင်သည့် အငြိမ်းစား       နိုင်ငံ့ဝန်ထမ်းများ အတွက် အခြားရက်တွင် အငြိမ်း စား  ဆေးကုသခွင့်လက်မှတ်ဖြင့် ဆေးရုံကြီးသို့ လာရောက်ပြသ၍ ဆေးဝါးတစ်လစာ အခမဲ့ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  ဌာနဆိုင်ရာ    လုပ်ငန်းနယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့်       နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့်        ပတ်သက်၍ အရည်အသွေး         ပြည့်ဝသော ကျန်းမာရေး  စောင့်ရှောက်မှုကို ခံယူခြင်းဖြင့်     ကျန်းမာပျော်ရွှင် အသက်ရှည်စွာ       နေထိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏   ဦးဆောင်စီစဉ်မှု၊    ဌာန ဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်း အဖွဲ့များ၏ ပူးပေါင်းကူညီပါဝင်မှု ဖြင့်    လစဉ်  ၂၁  ရက်နေ့တိုင်း တိုင်းဒေသကြီးအတွင်း    မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး များ၌ ကျန်းမာရေးစောင့်ရှောက် မှုများ    ပြုလုပ်ပေးလျက်ရှိသည့် အပြင်     အခြေခံစားကုန်များကို လည်း သက်သာသောနှုန်းထားဖြင့်  ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)