သတင်းတု၊ သတင်းမှားများအပေါ် စဉ်းစားသုံးသပ်ဆောင်ရွက်နိုင်ရေးနှင့် 
အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးရေးလုပ်ငန်းများတွင် 
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး
နေပြည်တော် မတ် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းသည်      ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း   (ဗဟို) ဥက္ကဋ္ဌ     ဦးရဲထွန်းနှင့်အဖွဲ့အား   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ပြန်ကြား ရေးဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌     လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်  ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီးက ဆက်လက်ဆောင်ရွက် မည့် အမျိုးသားရေးကိစ္စများနှင့် လူငယ် အသိပညာပေးလုပ်ငန်းများတွင် ပြန်ကြား ရေးဝန်ကြီးဌာနက   ပူးပေါင်းဆောင်ရွက် နိုင်သည့်ကိစ္စများကို ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊  လူငယ်များ  အသိ ပညာဗဟုသုတပြည့်ဝရေးနှင့် ဗလငါးတန် ပြည့်ဝရေး၊  သတင်းတု၊ သတင်းမှားများ အပေါ် စဉ်းစားသုံးသပ်ဆောင်ရွက်နိုင်ရေး နှင့်  အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေး ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊   အမြဲတမ်းအတွင်းဝန်   ဦးမျိုးမြင့်မောင် နှင့်   ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
      


