ပျဉ်းမနားမြို့၌ ICT အထောက်အကူဆိုင်ရာ သင်တန်းဖွင့်

ပျဉ်းမနား   မတ်    ၂၁ 


ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန      လူထုအခြေပြု ဗဟိုဌာန  (ပျဉ်းမနား)  ၌   ICT အထောက်အကူဆိုင်ရာ  သင်တန်း ကို ယနေ့‌နေ့လယ်ပိုင်းက ဖွင့်လှစ် သင်ကြားသည်။ 


သင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက  သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း၏    ရည်ရွယ် ချက်များကိုပြောကြားပြီး သင်တန်း တွင်သင်ကြားပို့ချမည့် သင်ခန်းစာ များနှင့်ပတ်သက်၍     ရှင်းလင်း ပြောကြားသည်။ 

ယင်းနောက်     ဒုတိယတိုင်း ဦးစီးမှူးက ဒစ်ဂျစ်တယ်နည်းပညာ များအကြောင်း၊ Conference Call အကြောင်း၊    အင်တာနက်နှင့် www အကြောင်း၊ Web ပေါ်တွင် သတင်းအချက်အလက်  ရှာနည်း၊ Web Browser     အကြောင်း၊ Search    Engines    အကြောင်း၊ TinEye အသုံးပြု၍  မူရင်းသတင်း ဌာန၊ မူရင်းဓာတ်ပုံ စစ်ဆေးခြင်း အကြောင်း၊   Cyber bulling , Phishing   အကြောင်း၊   Google Drive    တွင်    အချက်အလက် သိမ်းဆည်းမှုပုံစံများ စသည်တို့ကို ရှင်းလင်းသင်ကြားပေးသည်။ 


သင်တန်းတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား          စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။    

ရွှေပင်လယ်(IPRD)