နယူးယောက် မတ် ၁၉
ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ နှင့်အတူ      အာကာသအတွင်း နျူကလီးယားနှင့် အခြားအစုအပြုံ လိုက်    ထိခိုက်ပျက်စီးစေတတ် သော  လက်နက်များ  ဖြန့်ကြက်ချ ထားမှုကို    တားဆီးကာကွယ်ရန် ရည်ရွယ်သည့်  ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း ကို တင်သွင်းရန် အစီအစဉ်ရှိမှုနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီး      ကာမိကာဝါယိုကိုက အရိပ်အမြွက်     ပြောကြားလိုက် သည်။ 
ကာမိကာဝါသည် မတ် ၁၈ ရက်က       အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ နျူကလီးယား လက်နက်ဖျက်သိမ်းရေး၊   မပြန့် ပွားရေးနှင့်ပတ်သက်ပြီး ဝန်ကြီး အဆင့် လုံခြုံရေးကောင်စီ အစည်း အဝေးတွင်    သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
အာကာသသည်နျူကလီးယား လက်နက် ကင်းစင်သော နယ်မြေ တစ်ခုအဖြစ်     ကျန်ရှိရမည်ဖြစ် ကြောင်း ဂျပန်နိုင်ငံက အခိုင်အမာ ယုံကြည်ကြောင်း အဆိုပါ အစည်း အဝေးတွင် ကာမိကာဝါက  ပြော သည်။ ထို့အပြင် အာကာသဆိုင်ရာ သဘောတူစာချုပ်    အပါအဝင် တည်ဆဲဥပဒေ  မူဘောင်များကို အပြည့်အဝ   လိုက်နာရမည်မှာ  ဘုံတာဝန်  တစ်ရပ်ဖြစ်ကြောင်း ကိုလည်း   ဂျပန်နိုင်ငံက  ယုံကြည် ကြောင်း ၎င်းက ဆက်ပြောသည်။ 
၁၉၆၇ ခုနှစ်တွင် စတင် အသက်ဝင်ခဲ့သော ၎င်းစာချုပ် သည် အာကာသကို အေးချမ်း တည်ငြိမ်စွာ အသုံးပြုရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။
  
အင်န်အိတ်ချ်ကေ
      


