တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  မတ်   ၁၉ 
တည်ဆောက်ဆဲ   နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား   ဝန်ကြီးဌာန၌ ကျင်းပသည်။ 
အစည်းအဝေးသို့   လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးဉာဏ်ထွန်း၊   ဒုတိယ ဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တည်ဆောက် ဆဲ      နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၁၁ ခုမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ 
ဓာတ်အားထုတ်လုပ်ပေးနိုင်
အစည်းအဝေးတွင်ပြည်ထောင် စုဝန်ကြီးက    လျှပ်စစ်ဓာတ်အား တိုးမြှင့်       ဖြန့်ဖြူးပေးနိုင်ရေး အတွက် စွမ်းအင်အရင်းအမြစ် ပေါင်းစုံမှ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ စီမံဆောင်ရွက် လျက်ရှိရာ နေရောင်ခြည်စွမ်းအင် ဖြင့်  ဓာတ်အားထုတ်လုပ်ခြင်း သည်   တည်ဆောက်မှုကာလ တိုတောင်း၍ နိုင်ငံတော်အတွက် လိုအပ်သည့်ဓာတ်အားကို ကာလ တိုအတွင်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည့်အပြင် မိမိတို့  ဝန်ကြီး ဌာနမှ ရေးဆွဲထားသော National Electricity Master Plan (၂၀၁၄) အရ  ပြန်ပြည့်မြဲစွမ်းအင်  (Ren-ewable Energy) အရင်းအမြစ် များမှ ၁၇ ရာခိုင်နှုန်းအထိ ပါဝင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။
သန့်ရှင်းသော စွမ်းအင်အရင်း အမြစ်များမှ ဓာတ်အားထုတ်လုပ် ရန်   တွန်းအားပေးဆောင်ရွက် လျက်ရှိသကဲ့သို့ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး အတွက်    ကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ထိုသို့   ဆောင်ရွက်ရာ တွင်လည်း နှစ်ဦးနှစ်ဖက်အကျိုး ရှိစေရေး     စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊      စီမံကိန်းများ ဆောင်ရွက်ရာတွင်       ကြုံတွေ့ နေရသော      အခက်အခဲများ ကိုလည်း    ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း၍      ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းဆောင်ရွက်သွားခြင်းဖြင့် လတ်တလော  ကြုံတွေ့နေရသည့်   အခက်အခဲများကို     ကျော်လွှား နိုင်မည်ဖြစ်ကြောင်း    ပြောကြား သည်။
အကြံပြုဆွေးနွေး
ထို့နောက်     နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ များမှတာဝန်ရှိသူများက  လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ နှင့် အကောင်အထည်ဖော်ဆောင် ရွက်ရာတွင်     ကြုံတွေ့ရသည့် လုပ်ငန်း    အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး   အစည်း အဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု   ဆွေးနွေးကြ ကာ     ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ     ဖြည့်စွက် မှာကြားခဲ့ကြောင်း    သတင်းရရှိ သည်။ 
သတင်းစဉ်