နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ရန် နည်းလမ်းမျိုးစုံဖြင့် ပုံဖော်နေကြသည့်အတွက် ဝန်ထမ်းများအနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်

 

ရန်ကုန်   မတ်   ၁၉


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ ပြည် လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်) Studio - A ၌ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း များမှ  အရာထမ်း၊   အမှုထမ်းများနှင့် တွေ့ဆုံသည်။


ဂုဏ်ပြုဆုငွေများ ပေးအပ်


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်) သို့ ရောက်ရှိပြီး Studio-1 ၌ Quiz Time အစီအစဉ်တွင်    ပါဝင်ယှဉ်ပြိုင်သည့်  မလမင်းဖူးပြည့် (Grade-6, အထက(၁)ဒဂုံ)၏ ကျွမ်းဘားသရုပ်ပြ   ရိုက်ကူးနေမှု နှင့် မောင်သက်ထူးစံ (Grade-6,TTC) ၏ Saxophone   Performance   Show ရိုက်ကူးနေမှုတို့ကို ကြည့်ရှုပြီး  အားပေး စကားပြောကြားကာ  ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။


ထို့နောက်  မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား(ရန်ကုန်) Studio -A ၌ ပြုလုပ် သည့် ပတ္တမြားကေခိုင်   စီစဉ်တင်ဆက် သည့် ရယ်ရွှင်ပျော်ဟာသ   တစ်ခန်းရပ် ပြဇာတ်     ရိုက်ကူးတင်ဆက်နေမှုကို ကြည့်ရှုအားပေးသည်။


ဆက်လက်၍        ပြည်ထောင်စု ဝန်ကြီးသည်      ပြန်ကြားရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန၊     လုပ်ငန်းများမှ   အရာထမ်း၊    အမှုထမ်းများနှင့်  တွေ့ဆုံ သည်။


ရှေးဦးစွာ နိုင်ငံတော်တည်ဆောက် ရေးနှင့် နိုင်ငံတော်မီဒီယာ၏အခန်းကဏ္ဍ Video Clip ကို ပြသသည်။
 ထို့နောက်  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်    ယနေ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တာဝန် ထမ်းဆောင်နေသော မိမိတို့ဝန်ထမ်းများ ကို အင်အားအသစ်များရရှိစေရန်  ယခု ကဲ့သို့တွေ့ဆုံရခြင်း   ဖြစ်ပါကြောင်း၊ မိမိ တို့ အားလုံးတွင်  ရည်မှန်းချက်ကိုယ်စီ ရှိကြသော်လည်း     မိမိတို့အားလုံး၏ ဆုံချက်မှာ     အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေ ရေးပင် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် AI နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှု ကြောင့် နည်းပညာတိုက်ပွဲများ ကြုံတွေ့ လာနိုင်သဖြင့် မီဒီယာနှင့်ပတ်သက်သည့် နည်းပညာရပ်များကို   ကိုယ်စီလေ့လာ ဆည်းပူးကြစေလိုကြောင်း၊     မိမိတို့ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရ ၏  လုပ်ဆောင်ချက်များကို   မျက်ခြည် မပြတ်စောင့်ကြည့်လေ့လာ၍ ပြည်သူများ အား မှန်ကန်သည့်သတင်းအချက်အလက် များ ဖြန့်ဝေနေရမည်ဖြစ်ကြောင်း။


ယနေ့ လူငယ်အချို့သည်   အတွေး အခေါ်၊ အယူအဆလွဲမှားမှုကြောင့် လမ်း မှားရောက်နေသည့်အတွက်   ၎င်းတို့ကို လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေရန် မိမိတို့အားလုံး ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လူငယ်များ အား ဘာသာ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်း များကို လေးစားလိုက်နာပြီး အသိပညာ မြင့်မားနေစေရန်လည်း မီဒီယာနည်းလမ်း များဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ယနေ့ကြုံတွေ့ နေရသည့်အခက်အခဲများကို ကောင်းမွန် စွာကျော်လွှားရန်နှင့်     အနာဂတ်တွင် အလားတူ  အခက်အခဲများ   မကြုံတွေ့ အောင် ပြည်သူများနှင့်အတူတကွ ဆောင် ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား  စည်းလုံးညီညွတ်ရေးကို ခေတ်အဆက်ဆက်    လုပ်ဆောင်ခဲ့ပြီး နောင်တွင်လည်း ဆက်လက်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း။


ဝန်ထမ်းများအနေဖြင့်   မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားနှင့်  ပထဝီ စီးပွားရေးဆိုင်ရာ အတွေးအမြင်များဖြင့် နိုင်ငံကို   အကျိုးပြုကြစေလိုကြောင်း၊ ဝန်ကြီးဌာနအတွင်းရှိ    ဝန်ထမ်းများ အားလုံး   စည်းလုံးညီညွတ်စွာ   တာဝန် ထမ်းဆောင်ကြရန်နှင့်     ပြည်သူကို ကောင်းမွန်စွာ အလုပ်အကျွေးပြုကြရန် လိုပါကြောင်း၊ အထူးသဖြင့် မိမိတို့ဝန်ကြီး ဌာနသည်  ပြည်သူများနှင့်   နိုင်ငံတော် အစိုးရကို ပေါင်းကူးဆက်သွယ်ပေးရသည့် ဌာနကြီးတစ်ခုဖြစ်သဖြင့် တာဝန်ကြီးမား သည်ကို ဝန်ထမ်းတိုင်း  သိရှိထားရမည် ဖြစ်ကြောင်း။


 ကောလာဟလများသာဖြစ်


ပြည်သူ့စစ်မှုထမ်းဥပဒေကို    ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ပြဋ္ဌာန်းကျင့်သုံးနေပြီး မိမိတို့နိုင်ငံတွင်လည်း ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ အမိနိုင်ငံကို စောင့်ရှောက် ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန် ရှိပါကြောင်း၊  တစ်နည်းအားဖြင့်   နိုင်ငံ တိုင်းသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကို ဖော်ဆောင်ရန် နည်းလမ်းမျိုးစုံ ဖြင့်  ပုံဖော်နေကြသည့်အတွက်   မိမိတို့ ဝန်ထမ်းများအနေဖြင့်    နိုင်ငံအကျိုး၊ ပြည်သူများ၏အကျိုးကို    အစဉ်ရှေးရှု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်     ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များ ကိုရယူပြီး ကောလာဟလများကို ဆန်းစစ် ဝေဖန်နိုင်ရမည်ဖြစ်ကြောင်း၊    မှန်ကန် သောသတင်းအချက်အလက်များရရှိပါက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍   စိုးရိမ် ပူပန်မှုများ      ပပျောက်သွားမည်ဖြစ် ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသည့်    နေရာ များသို့  ယခုစစ်မှုထမ်းလာမည့်    လူငယ် လူရွယ်များအား  စေလွှတ်မည်ဆိုသည့် သတင်းများမှာ သတင်းအမှား၊  ကောလာ ဟလများသာဖြစ်ကြောင်း    ပြောကြား သည်။
ယင်းနောက်    ပြည်ထောင်စုဝန်ကြီး နှင့်    ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသည့်    ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ အတွက်  DTH စလောင်း ငါးစုံနှင့် Set-top Box အလုံး ၁၀၀ တို့ကို  ကံစမ်းမဲဖောက် ပေးပြီး ဝန်ထမ်းများကို   ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ကုန်ကြမ်းသိုလှောင်ရုံစစ်ဆေး 


နံနက်ပိုင်းတွင်လည်း   ပြည်ထောင်စု ဝန်ကြီးသည်  ရန်ကုန်မြို့    ဒဂုံမြို့နယ်  ပဒုမ္မာလမ်းရှိ  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ကုန်ကြမ်းသိုလှောင်ရုံအဆောက် အဦကို      သွားရောက်ကြည့်ရှုစစ်ဆေး သည်။ 

သတင်းစဉ်