
ဟိုပုံး မတ် ၁၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံ တစ်ဝန်းလုံး၌ ဖြေဆိုလျက် ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနနှင့် အ.ထ.က(၂) စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီမှစ၍ ဇီဝဗေဒဘာသာရပ် နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် စာစစ်ဌာန တစ်ခုတည်းရှိပြီး အ.ထ.က(၁)စာစစ်ဌာနတွင် (ဇီဝဗေဒဘာသာ ရပ်) စာရင်းရှိ ကျောင်းသား ၅၀၊ ကျောင်းသူ ၁၄၃ ဦး စုစုပေါင်း ၁၉၃ ဦး၊ ဖြေဆို ကျောင်းသား ၄၉ ဦး၊ ကျောင်းသူ ၁၄၃ဦး စုစုပေါင်း ၁၉၂ ဦး ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၄၈ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုပြီး ဘောဂဗေဒဘာသာရပ် စာရင်းရှိ ကျောင်းသား ၁၂၄ ဦး၊ ကျောင်းသူ ၁၈၅ ဦး စုစုပေါင်း ၃၀၉ ဦး၊ ဖြေဆို ကျောင်းသား ၁၁၈ ဦး၊ ကျောင်းသူ ၁၇၄ ဦး စုစုပေါင်း ၂၉၂ ဦး ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၅၀ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုပြီး ဟိုပုံးမြို့ အ.ထ.က (၂) စာစစ်ဌာနတွင် ဆီဆိုင်မြို့နယ် မှ စာစစ်ဌာန လေးခုဖြစ်သည့် အ.ထ.က (ဆီဆိုင်)၊ အ.ထ.က (ဘန်းယဉ်)၊ အ.ထ.က (ဆိုက်ခေါင်)နှင့် အ.ထ.က (ထမ့်ယမ်း) စာစစ်ဌာနတို့မှ (ဇီဝဗေဒဘာသာရပ်)နှင့် (ဘောဂ ဗေဒဘာသာရပ်)တို့တွင် စာရင်းရှိ ကျောင်းသား ၁၂၈ ဦး၊ ကျောင်းသူ ၂၆၃ ဦး စုစုပေါင်း ၃၉၁ ဦး၊ ဖြေဆို ကျောင်းသား ၉၁ ဦး၊ ကျောင်းသူ ၁၇၃ ဦး စုစုပေါင်း ၂၆၄ ဦး ရာခိုင်နှုန်းအားဖြင့် ၆၇ ဒသမ ၅၂ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ကျောင်းဝင်းအတွင်းနှင့် အပြင်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ် များ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကြောင်း သိရ သည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)