အမေရိကန် အိုဟိုင်းယိုးပြည်နယ်၌ ပြင်းထန်သည့်မုန်တိုင်းကြောင့် သုံးဦးထက်မနည်းသေဆုံး

 

ချီကာဂို    မတ်    ၁၆


အမေရိကန်   အိုဟိုင်းယိုးပြည်နယ်၌ မတ် ၁၄ ရက်  ညပိုင်းက  လေဆင် နှာမောင်းတိုက်ခတ်ခဲ့ရာ   သုံးဦး ထက်မနည်း     သေဆုံးခဲ့သည်ဟု ဆင်ဟွာက ဖော်ပြသည်။  
ပြည်နယ်အနှံ့      လေဆင် နှာမောင်းသတိပေးချက်အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ပြီးနောက် လူပေါင်း ထောင်နှင့်ချီ၍  လျှပ်စစ်မီးပြတ် တောက်မှု      ခံစားခဲ့ရကြောင်း၊    ကယ်ဆယ်ရေးလုပ်ငန်းများ ဆက် လက် လုပ်ဆောင်နေဆဲဖြစ်သည့် အတွက်      သေဆုံးသူဦးရေမှာ ဆက်လက်    တိုးလာနိုင်ကြောင်း၊ အပျက်အစီးများနှင့်     လျှပ်စစ် မီး      ပြတ်တောက်မှုတို့ကြောင့် ကယ်ဆယ်ရေးသမားများမှာ ည လုံးပေါက် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နိုင်ခဲ့ခြင်း       မရှိကြောင်း ရဲအရာရှိတစ်ဦးဖြစ်သူ ရန်ဒီဒေါ့က ပြောသည်။ 
အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ် ရေးမှူး ဒီဝိုင်းသည်လည်း လေဆင် နှာမောင်း     တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်  နေရာများကို   လိုက်လံကြည့်ရှုမည်ဟု ပြည်တွင်း မီဒီယာများတွင်       ဖော်ပြထား သည်။                          
 

ဆင်ဟွာ