ဂါဇာအလယ်ပိုင်းတွင် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၆ ဦးထက်မနည်းသေဆုံး

 

ဂါဇာ   မတ်    ၁၆


ဂါဇာအလယ်ပိုင်း နူဆီယက်  ဒုက္ခ သည်စခန်းရှိ နေအိမ်တစ်လုံးကို အစ္စရေးတို့က    လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ  ပါလက် စတိုင်း ၃၆ ဦးထက်မနည်း  သေဆုံး ခဲ့သည်ဟု     ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များ      နှင့် မျက်မြင်သက်သေများက မတ် ၁၆ ရက်တွင်   ပြောသည်။   
အစ္စရေးတိုက်လေယာဉ်သည်   နူဆီယက်         ဒုက္ခသည်စခန်းရှိ တာဘတ်တီဘီ မိသားစုနေအိမ်ကို ပစ်မှတ်ထားကာ ဒုံးကျည်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး      ဘေး ပတ်ဝန်းကျင်ရှိ နေအိမ်များကိုပါ ပျက်စီးသွားစေခဲ့သည်။    အစ္စရေး တို့၏    စီးနင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့်     ကိုယ်ဝန် ဆောင်များအပါအဝင်     ၃၆  ဦး ထက်မနည်း   သေဆုံးခဲ့ရသည်ဟု    ဆေးဘက်ဆိုင်ရာ  သတင်းရင်း မြစ်များက ဆင်ဟွာသို့ ပြောသည်။    
ထိုစဉ် အကာအကွယ်မဲ့ အရပ် သားများ သေကျေပျက်စီးရခြင်း မှာ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့၊ အစ္စရေးနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတို့တွင်   တာဝန်ရှိ သည်ဟု  ဟားမားစ်တို့  ထိန်းချုပ် ထားသော  မီဒီယာရုံးက   သတင်း ထုတ်ပြန်သည်။ 
စစ်ပွဲများရပ်တန့်ရေးအတွက် အစ္စရေးကို    ဖိအားပေးရန်  ကမ္ဘာ့ လွတ်လပ်သော        နိုင်ငံများက ကြေညာချက် ထုတ်ပြန်ပေးစေလို ကြောင်း အဆိုပါရုံးက တောင်းဆို ခဲ့သည်။      

                 
ဆင်ဟွာ