နေပြည်တော်   မတ်   ၁၆
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၅၁၂၅ ဦးနှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃၅၁၀ ဦးရှိကြောင်း သိရ သည်။
ယခုနှစ်တွင် ဇီဝဗေဒဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန ခြောက်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၆၂ ခု စာစစ်ဌာန စုစုပေါင်း ၇၆၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၈၄၈၂ ဦး ရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း  ၄၅၁၂၅  ဦး၊ ပျက်ကွက် ၃၃၅၇ ဦးရှိသဖြင့်  ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန ခြောက်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၈ ခု စာစစ်ဌာန စုစုပေါင်း ၈၃၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ   စုစုပေါင်း ၉၈၀၄၁ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃၅၁၀၊ ပျက်ကွက်  ၁၄၅၃၁ ဦး ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ  သိရသည်။                                  သတင်းစဉ်
      


