နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း လုပ်ငန်းများကွင်းဆင်းစစ်ဆေး

 

နေပြည်တော်   မတ်   ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊      နေပြည်တော် စည်ပင်သာယာရေးကော်မတီ   ဒုတိယမြို့တော်ဝန် နှင့်တာဝန်ရှိသူများနှင့်အတူ    ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို  ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပုဗ္ဗသီရိမြို့နယ် ရွာတော်ဘူတာရှေ့ သံလွင်လမ်းမကြီး လမ်းဘေးဝဲ/ယာ၊ ကားလမ်းမကြီး နှင့် ရထားသံလမ်းကြားတွင် နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန  ဝန်ထမ်းများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ သည်  ဇေယျာသီရိမြို့   သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဘေးကွင်းအမှတ် ၁၆၁၉ ကွင်းရှိ ယာယီရှင်းလင်းဆောင်တွင် နွေးသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး တောင်သူများကို နှမ်း မျိုးစေ့များနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ ပေးအပ်ပြီး   ကြို့ပင်ရေမြှင့်ရေထိန်းရေတံခါးအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ 
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်   ဇမ္ဗူသီရိမြို့နယ်ရှိ    နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် ကျန်းမာရေးဝန်ကြီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြန်မာ့တိုင်းရင်း ဆေးသမားတော်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှု ဆေးကုသပေးခြင်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊      အမျိုးသားပရဆေးဥယျာဉ် အတွင်း မြန်မာ့တိုင်းရင်းဆေးအတွက် အသုံးပြုမည့် ဆေးဖက်ဝင်ပရဆေးပင်များ   စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။ (ယာပုံ)
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးထိန်လင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ နှင့်အတူ    ပြည်ထောင်စုနယ်မြေ    နေပြည်တော် အားကစားရုံ၌ ကျင်းပသည့် မြန်မာနိုင်ငံပိုက်ကျော် ခြင်းအဖွဲ့ချုပ်မှ   ကြီးမှူးကျင်းပသည့်   ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်   ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားသို့  တက် ရောက်သည်။
အခမ်းအနားတွင်   နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊    နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင် က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍  ရှင်းလင်း ပြောကြားသည်။ 
ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေး ရာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်(၄)ချက်ကို  ရွတ်ဆိုကြပြီး  နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများက  ပြိုင်ပွဲဝင်အသင်းများကို  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ်   ရွှေခြင်းလုံးအသင်းနှင့် SCL Sport Mediaအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများ ကို ကြည့်ရှုအားပေးသည်။
၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မတ် ၁၆ ရက်မှ ၂၂ ရက်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌  ကျင်းပသွားမည်ဖြစ်ပြီး  အမျိုးသား သုံးယောက်တွဲပြိုင်ပွဲဝင်အသင်း ၁၃ သင်း၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲဝင်  အသင်း  ၁၃  သင်းနှင့် အမျိုးသမီး    သုံးယောက်တွဲပြိုင်ပွဲဝင်    အသင်း ခြောက်သင်း      ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းသိရသည်။ 
သတင်းစဉ်