
နေပြည်တော် မတ် ၁၆
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက် ရှိရာ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝ ဗေဒဘာသာရပ်တို့ကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်း မပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ် သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်း ဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ က စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။
ယခုနှစ်တွင် ဘောဂဗေဒ ဘာသာရပ်အား နိုင်ငံခြားစာစစ် ဌာန ခြောက်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၈ ခု စာစစ်ဌာန စုစုပေါင်း ၈၃၄ ခု ဖွင့်လှစ်ဖြေဆို ခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်း ပေးသွင်းသူဦးရေ စုစုပေါင်း ၉၈၀၄၁ ဦးရှိပြီး လာရောက်ဖြေဆို သူ စုစုပေါင်း ၈၃၅၁၀ ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ဇီဝ ဗေဒဘာသာရပ်အား နိုင်ငံခြား စာစစ်ဌာန ခြောက်ခုနှင့် ပြည်တွင်း ၌ စာစစ်ဌာန ၇၆၂ ခု စာစစ်ဌာန စုစုပေါင်း ၇၆၈ ခု ဖွင့်လှစ်ဖြေဆို ခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်း ပေးသွင်းသူဦးရေ စုစုပေါင်း ၄၈၄၈၂ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း ၄၅၁၂၅ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၃ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရ သည်။
ထိုသို့ ကျောင်းသား ကျောင်း သူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေ မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး မုန့်နှင့်အအေး ဘူးများ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်