
နေပြည်တော် မတ် ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လက် ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ရာထူးအတွက် သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီသူများ၏ အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲများ ကို ယနေ့နံနက်ပိုင်းက သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်များ ရှိ နေရာအသီးသီး၌ တစ်ပြိုင် တည်းကျင်းပခဲ့ပြီး ပြည်ထောင်စု နယ်မြေ(နေပြည်တော်) အနေဖြင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် ကြိုင်သည် ဒုတိယဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ အဆိုပါ စာမေးပွဲကျင်းပရာသို့ သွားရောက် ကြည့်ရှုအားပေးသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် တာဝန်ရှိသူများ က စာမေးပွဲဖြေဆိုမှုများနှင့် ပတ်သက်၍ စာမေးပွဲခန်းများ အတွင်း လိုက်လံရှင်းလင်းတင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုသူများ စိတ်အေး ချမ်းသာစွာဖြေဆိုနိုင်ရေး အလေး ထားဆောင်ရွက်ပေးရန် မှာကြား ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဝန်ထမ်းခန့်ထားရေး
ဝန်ကြီးဌာန၏ လစ်လပ်လျက် ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အမျိုး သား ၁၂၀၊ အမျိုးသမီး ၃၀ စုစုပေါင်း ၁၅၀ ခန့်ထားနိုင်ရေးဆောင်ရွက် လျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှောက်ထား သူများအနက် သတ်မှတ်ချက်နှင့် ကိုက်ညီစွာ လျှောက်ထားသူ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၃၉၂ ဦး စုစုပေါင်း ၆၅၆ ဦးတို့သည် အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲကို ယနေ့ဖြေဆိုကြပြီး ပြည်ထောင်စု နယ်မြေ (နေပြည်တော်) အနေဖြင့် အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲကို အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅၀ စုစုပေါင်း ၇၉ ဦး ဖြေဆိုကြ ကြောင်းနှင့် အဆိုပါအင်္ဂလိပ်စာ ရေးဖြေစာမေးပွဲအောင်မြင်သူများ အား ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများ ကို မကြာမီဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေး မှုအောင်မြင်သူများကို ဝန်ထမ်း ခန့်ထားရေး လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်