
နေပြည်တော် မတ် ၁၅
၂၀၂၄ ခုနှစ် မတ် ၁၅ ရက်တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် စားသုံး သူရေးရာဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး(ယာပုံ) အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် အတူ ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာကြ သူများသည် စားသုံးသူ ကာကွယ် ရေးအသိပညာပေး ရုပ်သံမှတ်တမ်း၊ စားသုံးသူ တိုင်ကြားမှုအပေါ် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းသရုပ် ဖော် အစီအစဉ်တင်ဆက်မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာန အထိမ်းအမှတ် တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ အထိမ်းအမှတ် ကျင်းပ ပြုလုပ်သော ဆောင်းပါးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူ များကို ဆုများချီးမြှင့်ပေးအပ်ကြ ပြီး သီဆိုဖျော်ဖြေတင်ဆက်သူများ ကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်