နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ - ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   မတ်   ၁၅


၂၀၂၃ - ၂၀၂၄     ခုနှစ်      ပြည်နယ် နှင့်တိုင်းဒေသကြီး   အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပ ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။ 
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဒေါ်ဒွဲဘူ၊      ပိုးရယ် အောင်သိန်း၊     မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်  ဦးရန် ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊      မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ     တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊  ပြိုင်ပွဲဝင်အသင်းများ မှ     အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။ 
စဉ်ဆက်မပြတ်ကျင်းပပေး
အခမ်းအနားတွင်  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ        ဥက္ကဋ္ဌ အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  အမှာစကားပြော ကြားရာတွင်     မြန်မာ့ဘောလုံး အားကစားအဆင့်အတန်းတိုးတက် မြင့်မားလာစေရေး၊  အရှေ့တောင် အာရှနှင့်  အာရှဒေသနယ်ပယ်တွင် အောင်မြင်စွာ    ရပ်တည်နိုင်ရေး သည်       ပြည်သူတစ်ရပ်လုံး၏ လိုလားချက်       ဖြစ်သည့်အတွက် အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန၏    ရည်မှန်းချက် တစ်ရပ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာဘောလုံးအသင်း အောင်မြင် မှုရရှိနိုင်ရန်    မြန်မာ့လက်ရွေးစင် လူငယ်အသင်းများကို     ကျော ထောက်နောက်ခံအဖြစ် အင်အား အများဆုံး  ဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့်     တိုင်းဒေသကြီး လူငယ်ဘောလုံးပြိုင်ပွဲများကို မိမိ တို့ဌာနအနေဖြင့်  စဉ်ဆက်မပြတ် ကျင်းပပေးနေပါကြောင်း။
မျှတမှန်ကန်စွာဆောင်ရွက်
ပြိုင်ပွဲဝင်     အားကစားသမား များအနေဖြင့်လည်း   အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့် ရှင်းရှင်း    ယှဉ်ပြိုင်ကစားကြစေ လိုကြောင်း၊    ဒိုင်လူကြီးများအနေ ဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်း ပြီး   သတ်မှတ်ထားသည့်    ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ      ဆုံးဖြတ် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့်     ထူးချွန် ထက်မြက်ပြီး           နိုင်ငံတော် က   အားထားရမည့်      ဘောလုံး အားကစားသမားကောင်းများ ပေါ် ထွက်လာအောင်  ယှဉ်ပြိုင်ကစား သွားကြရန်   တိုက်တွန်းမှာကြား ရင်း   ပြိုင်ပွဲကို   ဖွင့်လှစ်ပေးလိုက် ကြောင်း ပြောကြားသည်။ 
ထို့နောက် ပြိုင်ပွဲဝင် အားကစား သမားများက         အားကစား သစ္စာအဓိဋ္ဌာန်(၄)ချက်ကို   ရွတ်ဆို ကြသည်။ 
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး    ဦးမင်း သိန်းဇံနှင့်      တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်   အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြပြီး  ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး  အသင်း တို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ 
ကြည့်ရှုအားပေးနိုင်
၂၀၂၃ - ၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး  အသက် ၂၅ နှစ်အောက်   အမျိုးသားဘောလုံး ပြိုင်ပွဲကို       ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်  ဘောလုံးသမား များ ပေါ်ထွက်လာစေရန်အတွက်  ရည်ရွယ်၍  မတ် ၁၅ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့    ပြိုင်ပွဲဝင်    အမျိုးသား အသင်း  ၁၃  သင်း    ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစား ကို   စိတ်ပါဝင်စားသည့်    မိဘ ပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့)       လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်