ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာအကြား ရထားလမ်းမိုင်တိုင် (၁၂၀/၂-၃)ကြားရှိ ရထားလမ်းအဆင့်မြှင့်တင်နေသောစီမံကိန်းလမ်းပိုင်းအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  မတ်   ၁၄


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲ အင်းဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင် အမှတ်၊ ၁၂၀/၂-၃ ၌ မတ် ၁၃ ရက် ည ၁၂ နာရီက  မိုင်းပေါက်ကွဲသံများကြားရသဖြင့်   တောကျွဲအင်း-ကညွတ်ကွင်းလမ်းပိုင်းအား  ခေတ္တပိတ်ထားခဲ့ရသည်။
မိုင်းပေါက်ကွဲမှု  ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေ ဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင် တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး  မြန်မာ့မီးရထားဝန်ထမ်း များက   ရထားလမ်းအား   သွားရောက်စစ်ဆေးရာ တောကျွဲအင်း - ကညွတ်ကွင်းကြား  မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ကြားရှိ စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထား လမ်းသစ်မှာ    ပျက်စီးသွားခဲ့ပြီး  သံလမ်း ၁၀ ပေခန့် ပြတ်ထွက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မိုင်းထောင်ဖောက်ခွဲမှုကြောင့်      ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား    ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ   ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင်             ပြေးဆွဲနေသော အစုန်/အဆန်     လူစီးရထားများ၊ ကုန်ရထားများ   သွားလာနိုင်မည် ဖြစ်ပြီး    ခရီးသွားပြည်သူများနှင့် ကုန်စည်    သယ်ယူပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက် ဖြင့်     ဖောက်ခွဲဖျက်ဆီးခြင်းဖြစ် ကြောင်း    သိရှိရကာ     အဆိုပါ စီမံကိန်းလမ်းအဖြစ်  ဆောင်ရွက် နေသည့် အဆိုပါ  အစုန်လမ်းပိုင်း ပျက်စီးမှုကို  အမြန်ဆုံး  ပြန်လည် ပြုပြင်သွားမည်ဖြစ်ပါသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁  ရက်မှစ၍    ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်း နှင့်  ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/  ဖျက်ဆီးခြင်း  အကြိမ်(၁၃၀) ၊   ရထားတံတားများ အား မိုင်းခွဲဖျက်ဆီးခြင်း  (၅၁) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။ 
နိုင်ငံတော်အစိုးရ    အနေဖြင့် အများပြည်သူ  ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု     အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်း     အခြေခံအဆောက် အဦများ    ပိုမိုကောင်းမွန်လာစေ ရေး၊  ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော် လည်း အကြမ်းဖက်သောင်းကျန်း သူများကမူ  နိုင်ငံတော်ပိုင်  ရထား စက်ခေါင်း၊ တွဲများနှင့် ခရီးသည် များ၊ ကုန်စည်များ ထိခိုက်ပျက်စီး စေရေး၊   ပြည်သူများ   အသက် အန္တရာယ်ထိခိုက်ပြီး   စိတ်မချမ်း မြေ့စေရေး   ရထားဖြင့်ခရီးသွားလာ မှုမပြုရဲအောင်   ခြိမ်းခြောက်ခြင်း တို့အပြင် ရန်ကုန်- မန္တလေး ရထား လမ်း  အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများ    အချိန်ပိုမိုကြန့်ကြာ စေရေးတို့အတွက် ယုတ်မာပက် စက်သော  ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသော ကြောင့်     အဆိုပါ    အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက် စက်မှုများအပေါ်      ဒေသခံပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။          

သတင်းစဉ်