
နေပြည်တော် မတ် ၁၄ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် များရှိ ရပ်ကွက်၊ ကျေးရွာများမှ ရပ်ကွက်တစ်ခုလျှင် လူငယ်လေးဦး မှ ၅၀ အထိ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေကြောင်း နှင့် တချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး တပ်မတော်က လာရောက်ခေါ် ဆောင်သွားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်များအရ ရန်ကုန်တိုင်းဒေသ ကြီး မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေခြင်းနှင့် တချို့ရပ်ကွက်များတွင် လူငယ် များကို မဲနှိုက်ရွေးချယ်ပြီး တပ်မတော်က လာရောက်ခေါ် ဆောင်သွားသည့်ဆိုသည့် သတင်း များမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများ နှင့် ရပ်ရွာအေးချမ်းသာယာရေး ကို မလိုလားသူများက ကောလာ ဟလ သတင်းအမှားများဖြင့် တည်ငြိမ်အေးချမ်းမှု မရှိစေရန် အတွက် ဝါဒဖြန့်လှုံဆော် နေခြင်း သာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်