ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းပြောကြားခြင်းအခမ်းအနားတက်ရောက်

 

နေပြည်တော်   မတ်  ၁၄
သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာနမှ      ဝန်ထမ်းများ ပြည်သူ့စစ်မှုထမ်း     ဥပဒေနှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြား ခြင်း အခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး   ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး   ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်   အရာထမ်း၊  အမှုထမ်းများ တက်ရောက်ကြသည်။
နိုင်ငံအများအပြားတွင်ပြဋ္ဌာန်းထား
အခမ်းအနားတွင်         ပြည် ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အသစ်ပြဋ္ဌာန်း ခြင်း မဟုတ်ပါကြောင်း၊   မြန်မာ နိုင်ငံ    လွတ်လပ်ရေးရပြီးသည့် နောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို    ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ ထို့နောက် ၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလတွင်  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက  ၁၉၅၉  ခုနှစ် ပြည်သူ့ စစ်မှုထမ်းဥပဒေကို    ပြန်လည် ပြင်ဆင်      သတ်မှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၂၄ ခုနှစ်  ဖေဖော် ဝါရီလ ၁၀ ရက်မှစပြီး ပြည်သူ့စစ်မှု ထမ်းဥပဒေအာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း    ဥပဒေကို မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင် သာ   ထူးခြားပြီး    ပြဋ္ဌာန်းခြင်း မဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံအများ အပြားတွင်လည်း ပြဋ္ဌာန်းထားပြီး ကျင့်သုံးနေကြပါကြောင်း။
ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်
နိုင်ငံသားတိုင်းသည်   ပြည် ထောင်စုမပြိုကွဲရေး၊    တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ    တည်တံ့ ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း၊     တိုင်းပြည် အတွင်းရှိသည့်      နိုင်ငံ့စွမ်းအားစု အားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး အတွက်      တစ်ခုတည်းသော နည်းလမ်းသည်  အမျိုးသားစစ်မှု ထမ်းစနစ်  (National Service)ဖြစ်ကြောင်း၊   အမျိုးသားစစ်မှု ထမ်းစနစ်သည် နိုင်ငံတော်လုံခြုံ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ    ဟန်ချက်ညီညီ    ဖွံ့ဖြိုး တိုးတက်ရေးအတွက်      ရေရှည် ဆောင်ရွက်ရမည့်  (Long Term Plan) ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးစွမ်းအား (Economic Might)၊     ကာကွယ်ရေးစွမ်းအား (Military Might)  တို့   ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန်  လိုအပ်ကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်း      ဥပဒေနှင့် ပတ်သက်၍    ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်ကြောင်း အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် အချို့ပြည်သူများကြား စိုးရိမ်စိတ် များ ဖြစ်ပေါ်ခဲ့မှု၊ အဆိုပါစိုးရိမ်စိတ် ကို အခွင့်ကောင်းယူပြီး အကြမ်း ဖက်အုပ်စုများက မီဒီယာများကို အသုံးပြု၍ ပြည်သူများစိုးရိမ်စိတ် ပိုမိုမြင့်မားအောင် ပြုလုပ်နေကြမှု၊ ကမ္ဘာ့နိုင်ငံများတွင်   စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍    ကျင့်သုံး ဆောင်ရွက်နေမှုများ၊ မိမိတို့နိုင်ငံ တွင်    စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းထားပြီးနောက် ဆောင်ရွက် နေမှုများ၊ စစ်မှုထမ်းဆောင်ခြင်း နှင့် အကျုံးဝင်သည့်အချက်များနှင့် ကင်းလွတ်ခွင့်ပြုနိုင်သည့်အချက် များ၊   စစ်မှုထမ်းဆောင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ကို   ရှင်းလင်းဆွေးနွေးပြောကြား သည်။
တက်ရောက်ကြည်ညိုပူဇော်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်  တာဝန်ရှိပုဂ္ဂိုလ်များ နှင့်အတူ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်      ဉာဏသိဒ္ဓိရပ်ကွက် သာသနပါလဓမ္မရိပ်သာ  (မြိတ်) ကျောင်းတိုက်၌      ကျင်းပသည့် နေပြည်တော်ကောင်စီ   နယ်မြေ ၁၀၈  ရက်  အသံမစဲ   ဥပ္ပါတသန္တိ ပါဠိတော်      ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားသို့ တက်ရောက်   ကြည်ညိုပူဇော်ပြီး သာသနပါလ ဓမ္မရိပ်သာ(မြိတ်) ကျောင်းတိုက်     ပဓာနနာယက ဆရာတော်   သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌထံ    သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး      လှူဒါန်းမှုအစုစုတို့ အတွက်    ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း  သတင်းရရှိ သည်။
သတင်းစဉ်