လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မတ်   ၁၄


မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော    ဆေးဝါးများအန္တရာယ်   တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့    အစည်းအဝေး (၁/၂၀၂၄)   ကို   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ    မြန်မာနိုင်ငံ      ရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့     မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲ ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊    ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဂတိ လိုက်စားမှု      တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး      တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊   တပ်ဖွဲ့မှူး   ရဲမှူးချုပ်   ဝင်းနိုင်၊  မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့  အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့်  အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာန များမှ   ကိုယ်စားလှယ်များ  တက်ရောက် ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် မူးယစ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်း ရေးမှူးများက         ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ခြိမ်းခြောက်အန္တရာယ်ပြုနေ
အစည်းအဝေးတွင် မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက မူးယစ် ဆေးဝါးပြဿနာသည်   ကမ္ဘာနှင့်အဝန်း လူသားမျိုးနွယ်စု              တစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြုနေသည့် ပြဿနာ တစ်ရပ်ဖြစ်ကြောင်း၊     မူးယစ်ဆေးဝါး  ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများ သည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခို မှု၊ အကြမ်းဖက်မှု စသည့်နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံ တော်၏   လုံခြုံရေး၊   တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် စေကြောင်း။ 
မြန်မာနိုင်ငံ၌ သောင်းကျန်းသူအဖွဲ့ များအနေဖြင့်    နိုင်ငံအတွင်း   တည်ငြိမ်မှု မရှိအောင်လုပ်ဆောင်လျက်ရှိပြီး ၎င်းအခြေ အနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏  ဝင်ငွေရလမ်းဖြစ်သည့်     မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ် မှုများ လုပ်ဆောင်နေကြသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊       မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတု  ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာ နိုင်ငံအတွင်း၌   ထုတ်လုပ်နိုင်ခြင်း   မရှိ သောကြောင့် သောင်းကျန်းသူအဖွဲ့များ သည်  အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံ ဖြင့်   မြန်မာနိုင်ငံအတွင်းသို့  ချိတ်ဆက် သယ်ဆောင်လျက်ရှိနေကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်     နိုင်ငံတော်       ဖွံ့ဖြိုး တိုးတက်ရေးကို  အဘက်ဘက်မှ  အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လူသား မျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသား ရေး      တာဝန်တစ်ရပ်အဖြစ်    ခံယူပြီး ဆောင်ရွက်လျက်ရှိကြောင်း။
အထူးစစ်ဆင်ရေးဆောင်ရွက်
မြန်မာနိုင်ငံတွင်လည်း     ကမ္ဘာ့နိုင်ငံ များနည်းတူ        လူလုပ်မူးယစ်ဆေးဝါး (Synthetic   Drug)   ထုတ်လုပ်၊    သယ် ဆောင်၊ ရောင်းဝယ်မှုများသည် နိုင်ငံတော် ၏ လုံခြုံရေးအထိ ခြိမ်းခြောက်နေသည့်  ပြဿနာတစ်ရပ်အဖြစ်     ရင်ဆိုင်နေရ ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး လုပ်ငန်းများကို ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃  ခုနှစ်မှ  ၂၀၂၃  ခုနှစ်အထိ  အထူး  စစ်ဆင်ရေး ၃၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး  ၂၀၂၄     ခုနှစ်တွင်လည်း     တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်      အထူးစစ်ဆင်ရေး  Operation 39/24(2024) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
စစ်ဆေးကြပ်မတ်ဆောင်ရွက်
မူးယစ်ဆေးဝါးနှင့်      စိတ်ပြောင်း ဆေးဝါးများ   ထုတ်လုပ်ရာတွင်    အဓိက အသုံးပြုသည့် ဓာတုပစ္စည်းထိန်းချုပ်ရေး ကဏ္ဍသည်လည်း      အလွန်အရေးကြီး သဖြင့် ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိ စေရေးအတွက် စစ်ဆေးကြပ်မတ်ဆောင် ရွက်ရမည်ဖြစ်ပြီး       ဓာတုပစ္စည်းများ ဆိုင်ရာ လုပ်ငန်းရှင်များကိုလည်း ဥပဒေ၊  နည်းဥပဒေနှင့်     မူဝါဒများ၊    သတ်မှတ် စည်းကမ်းချက်များ၊ အရေးယူခြင်းဆိုင်ရာ ပြစ်ဒဏ်များ   သိရှိစေရန်အတွက်  အသိ ပညာပေးရေးလုပ်ငန်းများကို     စဉ်ဆက် မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို     ကုလ သမဂ္ဂအပါအဝင်    အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသ တွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ် ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန် မြို့အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် UNODC AFPI DEA NNCC ONCB   တို့နှင့်   ပူးပေါင်းဆောင်ရွက်မှုကို လည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့်   AA    အဖွဲ့သည်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် မှုများနှင့်   ပတ်သက်နေမှုများကို   ကုလ သမဂ္ဂ      အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း   Mr.  Kofi  Annam   ဦးဆောင် သည့်   ရခိုင်ပြည်နယ်ဆိုင်ရာ   အကြံပေး ကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစု ဖြန့်ဝေခဲ့သည့် အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ပြည်မကိုဖြတ်ပြီး           မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့တွင် AA တပ်ဖွဲ့ဝင် များ    ပါဝင်နေသည်ကို   (၈)    ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်း၊ AA အဖွဲ့ ၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် မှုများကို      ပြည်တွင်းသတင်းများ၌သာ ကြေညာခဲ့ပြီး   နိုင်ငံတကာအထိ    သိရှိ အောင် ဆောင်ရွက်ရမည်ဖြစ်၍ မူးယစ် ဆေးဝါးတိုက်ဖျက်ရေး    မိတ်ဖက်   အဖွဲ့  အစည်းများနှင့်   နိုင်ငံတကာသံရုံးများမှ  တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
တားဆီးနှိမ်နင်းရေးဆောင်ရွက်
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်မငြိမ် မှုများအပေါ် အခွင့်ကောင်းယူပြီး မြန်မာ နိုင်ငံအတွင်းရှိ အချို့သော တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF  အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်        ရောင်းဝယ်မှုများနှင့် ဆက်စပ်ပတ်သက်နေသည်ကို   ဖမ်းဆီး ရမိမှု     ဖြစ်စဉ်များမှ   စစ်ဆေးဖော်ထုတ် တွေ့ရှိရကြောင်း၊          မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှ ရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်း၊ အသုံး အဆောင်ပစ္စည်းများ  ဝယ်ယူဖြည့်တင်း ခြင်း ဆောင်ရွက်ကာ နိုင်ငံတော်လုံခြုံရေး ကို     ထိခိုက်စေသည့်       လုပ်ရပ်များ လုပ်ဆောင်နေကြသည်ကို        တွေ့ရှိရ ကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး  ထွန်းထွန်းနောင်နှင့်   ဒုတိယဥက္ကဋ္ဌ ဦးစစ်အေးတို့က  ရှေ့ဆက်လက်  ဆောင် ရွက်ရန်       လိုအပ်သည်များကို    လည်း ကောင်း၊ တွဲဖက်အတွင်းရေးမှူးက မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး     ကြိုးပမ်း ဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊       တက် ရောက်လာသူများက     မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်း  ဆောင် ရွက်ချက်များနှင့်   ပတ်သက်၍    လိုအပ် ချက်/ အကြံပြုချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး    မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ဗဟိုအဖွဲ့ဥက္ကဋ္ဌက  နိဂုံး ချုပ်  အမှာစကားပြောကြားကာ အစည်း အဝေးကို    ရုပ်သိမ်းခဲ့ကြောင်း   သတင်း ရရှိသည်။                             

သတင်းစဉ်