ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   မတ်   ၁၃ 
ကချင်ပြည်နယ်ရှိ     မြစ်ကြီးနား-ဗန်းမော်  လမ်းတစ်လျှောက်တွင် လုံခြုံရေး     ဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းများနှင့်  လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF အမည်ခံ  အကြမ်းဖက်သမားများ က နှောင့်ယှက်တိုက်ခိုက်လျက်ရှိ သည့်အတွက်    မတ် ၇ ရက်မှစ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏    လက်နက်ကြီးပစ်ခတ်မှု များကြောင့်     မိုင်းကာကျေးရွာ၊ မိုးစိမ်းကျွန်းကျေးရွာ၊     စင့်ကင် ကျေးရွာနှင့် ကမ်းနီကျေးရွာများမှ ပြည်သူငါးဦး   သေဆုံးခဲ့ကြောင်း သောင်းကျန်းသူ    အဖွဲ့အစည်း၏ ဝါဒဖြန့်သတင်းများ၊  သတင်းတု၊ သတင်းမှားများ  ဖြန့်ဝေနေသည့် သတင်း Page များတွင်  မဟုတ် မမှန် စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍      ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ဗန်းမော်မြို့ရှိ လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် သမားက   လက်နက်ကြီးများဖြင့် ချောင်းမြောင်း     ပစ်ခတ်ခြင်းများ သည် ဗန်းမော်မြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများကို ကျရောက်ပေါက်ကွဲ လျက်ရှိပြီး     ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရှိရ သည်။   သောင်းကျန်းသူအဖွဲ့ အစည်း၏      ဝါဒဖြန့်သတင်းများ၊ သတင်းတု၊      သတင်းမှားများ ဖြန့်ဝေနေသည့် မီဒီယာအမည်ခံ သတင်း Page များသည် ပြည်သူ များ အမုန်းပွားစေမည့် အကြောင်း အရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေမည့် လုပ်ကြံသတင်းများဖြင့်    ပြည်သူ များကို   နေ့စဉ်နှင့်အမျှ   သတင်း အဆိပ်ခတ်လျက်      ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်