
တိုကျို မတ် ၁၃
ဂျပန်စွန့်ဦးတီထွင်လုပ်ငန်းကုမ္ပဏီ Space One ၏ ကိုင်ရော့စ် (Kairos) ဒုံးပျံသည် နိုင်ငံအနောက် ပိုင်း ဒုံးပျံလွှတ်တင်ရေးစခန်းမှ လွှတ်တင်ပြီးနောက် စက္ကန့်ပိုင်း အကြာတွင် ပေါက်ကွဲမှုဖြစ်ပွား ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ ဒုံးပျံကို ဝါကာယာ မာစီရင်စု ခုချိမိုတိုမြို့၌ မတ် ၁၃ ရက် နံနက် ၁၁ နာရီဝန်းကျင် တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Space One ကုမ္ပဏီက ပျံသန်းမှုကို ဖျက်သိမ်းလိုက် ကြောင်း ပြောသည်။ အသေးစား ဂြိုဟ်တုကို သယ်ဆောင်သော အစိုင်အခဲလောင်စာသုံး ယင်းဒုံးပျံ သည် ပြဿနာတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
၎င်းကုမ္ပဏီက ဒုံးပျံလွှတ်တင် မှု မအောင်မြင်ခဲ့ခြင်းနှင့်ပတ်သက် ပြီး အသေးစိတ်ဆန်းစစ်နိုင်ရန် ဆောင်ရွက်နေသည်။ ဒေသ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့က တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိ မှု ဖြစ်ပွားခြင်း မရှိကြောင်း ပြောသည်။
ဒုံးပျံလွှတ်တင်မှု အောင်မြင်ခဲ့ လျှင် Space One သည် ထိုကဲ့သို့ စွမ်းဆောင်မှုမျိုး ကိုယ်ပိုင်ပြုလုပ် နိုင်သည့် ပထမဆုံးဂျပန်နိုင်ငံ၏ ပုဂ္ဂလိက ကုမ္ပဏီဖြစ်လာမည် ဖြစ်သည်။ ဂြိုဟ်တုကို အစိုးရ အဖွဲ့ ဂြိုဟ်တုထောက်လှမ်းရေး စင်တာက တီထွင်ထုတ်လုပ်ထား ခြင်း ဖြစ်သည်။ ဂြိုဟ်တုလွှတ်တင် မှု မအောင်မြင်ရခြင်းသည် အလွန်စိတ်ပျက်ဖွယ် ကောင်း ကြောင်း စင်တာတာဝန်ရှိသူများ က ပြောသည်။
ရှိရင်းစွဲသတင်းစုဆောင်းရေးဂြိုဟ်တုများ၏နေရာကို အစား ထိုးနိုင်ခြင်း ရှိ မရှိနှင့်ပတ်သက် ပြီး လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နိုင်ရန် ယင်းဂြိုဟ်တု ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထား ခြင်းဖြစ်ကြောင်း စင်တာတာဝန် ရှိသူများက ပြောသည်။ ထို့အပြင် ဂြိုဟ်တုလွှတ်တင်မှုမအောင်မြင် ခြင်းက ဂျပန်နိုင်ငံ၏ သတင်း စုဆောင်းနိုင်မှု စွမ်းဆောင်ရည်ကို ကြီးကြီးမားမား သက်ရောက်ဖွယ် မရှိကြောင်း ၎င်းတို့က ဆက်ပြော သည်။
အင်န်အိတ်ချ်ကေ