
နေပြည်တော် မတ် ၁၃
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေစီမံခန့်ခွဲမှုပညာရှင် Dr. Massimo Sarti နှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေလမ်းကြောင်း ချိတ်ဆက်မှုများ၊ ပုဂံခေတ် ရေလမ်းကြောင်းများ၊ ရှေးဟောင်းရေကန်များ ဆယ်ယူ ထိန်းသိမ်းမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် နယ်စပ်ရေးရာဝန်ကြီးဌာန က ဆယ်ယူထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဖျောက်ဆိပ်ပင်ကန် အမှတ် (၁)၊ (၂)၊ (၃)၊ သမ္ဘူလကန်၊ အမနာ ကန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဆယ်ယူထိန်းသိမ်း ခဲ့သည့် လေးမျက်နှာကန်၏ သဲစစ်ကန် ထိန်းသိမ်းမှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ဆယ်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ဇယဝေရီ ကန်မှ ပို့ကျသဲနုန်းများ ဆယ်ယူ ထိန်းသိမ်းမှုလုပ်ငန်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့ သည့် ပျားကြီးစွဲကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ဆယ်ယူထိန်းသိမ်းဆောင် ရွက်လျက်ရှိသည့် မင်္ဂလာကန် (၃)တို့ကို ကြည့်ရှုစစ်ဆေးသည်။
စနစ်တကျဆောင်ရွက်
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယ ဝန်ကြီးက ကန်များ ဆယ်ယူ ထိန်းသိမ်းရာတွင် မြေအောက် တွင်မမြင်နိုင်သည့် ရှေးဟောင်း အဆောက်အအုံများ၊ အုတ်ရိုးတန်း များ တွေ့ရှိနိုင်သည့်အတွက် အထူး ဂရုပြု အလေးထားဆောင်ရွက် သွားရန်နှင့် ရေကန်များတွင် ရေဝင်နိုင်စေရန်အတွက် မူလ ရေလမ်းကြောင်းနှင့် ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်သွားရန်၊ ပုဂံသည် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာများ အနေဖြင့်လည်း အလားတူ ရှေးဟောင်း ရေကန်များ ဆယ်ယူ ပြုပြင် ထိန်းသိမ်းရန်အတွက် သတိပြု၍ စနစ်တကျဆောင်ရွက် ပေးရန်လိုကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူ များ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက် သည့် လုပ်ငန်းများဖြစ်၍ လုပ်ငန်း ဆောင်ရွက်မှု ကုန်ကျစရိတ်များ လေလွင့်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်၊ အရည်အသွေး ကောင်းမွန်သပ်ရပ်အောင် ဆောင် ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်