
နေပြည်တော် မတ် ၁၃
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဌာန ဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး၊ ဆက်စပ် ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာနည်းပြများ နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြသည်။
အထောက်အကူဖြစ်စေရန် ရည်ရွယ်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်း များမှ ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်းဆောင်ရွက် မှု အသိပညာ၊ ဗဟုသုတများရရှိပြီး အကောင်အထည် ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါကြောင်း။
များစွာအထောက်အကူပြု
သင်တန်းတွင် ဆွေးနွေးမည့်ဘာသာရပ်များမှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်းသည့် တိုင်ကြားမှုများအပေါ် အရေးယူ ဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်စပ်လျဉ်းသော ဥပဒေ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV)ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာနှင့်စပ်လျဉ်းသည့် အကြောင်း အရာ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းနှင့် ဝန်ဆောင်မှု ဆိုင်ရာများ စသည်တို့ ဆွေးနွေးသွားမည်ဖြစ်ပါ ကြောင်းနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း များစွာအထောက်အကူပြု မည်ဖြစ်သဖြင့် အကျိုးရှိအောင် လေ့လာဆွေးနွေး သွားကြရန် တိုက်တွန်းပြောကြားသည်။
လေးရက်ကြာ ဖွင့်လှစ်သွားမည်
သင်တန်းသို့ ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကို လေးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်