ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဟံသာသီရိကုန်းမြေရှိ ကျောင်းဆောင်ခြောက်ဆောင် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစစ်ဆေး မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်အောက်ရှိ အင်ဂျင်နီယာအသင်းများ၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    မတ်    ၁၃


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး  မရမ်းကုန်းမြို့နယ် ဟံသာသီရိ ကုန်းမြေရှိ တစ်ပါးကျောင်းဆောင် ခြောက်ဆောင် ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ        စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများ က ကျောင်းဆောင်များပြုပြင်မွမ်းမံခြင်းနှင့် စပ်လျဉ်း ၍     ရှင်းလင်းတင်ပြရာ     ပြည်ထောင်စုဝန်ကြီးက လက်ရာသေသပ်ကောင်းမွန်စေရေးနှင့် လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးတို့ကို     စေတနာထား ဆောင်ရွက်ရန်နှင့်         သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကို      မှာကြားပြီး အဆောက်အဦ တစ်လုံးချင်း၏ ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံဆွေးနွေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်မာ နိုင်ငံ     အင်ဂျင်နီယာအသင်းချုပ်ရုံး     Conference Room ၌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာအသင်းများမှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ၊    တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ (ယာပုံ)
ဝိုင်းဝန်းထိန်းကျောင်းရမည်
ဦးစွာ      ပြည်ထောင်စုဝန်ကြီးက    မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်အနေဖြင့်    အင်ဂျင်နီယာ ကဏ္ဍ မြှင့်တင်သည့်လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်၍ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့အစည်းများအနေဖြင့်လည်း အသင်းများ ၏ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင် ခြင်းဆိုင်ရာဥပဒေကိုလည်း လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊      မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၏ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင် ရေးအတွက် ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်သကဲ့သို့       အင်ဂျင်နီယာကျင့်ဝတ်များ လိုက်နာဆောင်ရွက်စေရေး  ဝိုင်းဝန်းထိန်းကျောင်း ရမည်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏  အင်ဂျင်နီယာ ပညာရပ်အသိုက်အဝန်း တိုးတက်ရာတိုးတက်ကြောင်း အတွက် တတ်စွမ်းသမျှပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌက      အသင်းချုပ်၏ရည်ရွယ်ချက်၊    ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များကို ဖြန့်ခွဲဆောင်ရွက်နေမှုအခြေ အနေများ၊ အင်ဂျင်နီယာကဏ္ဍ တိုးတက်လာစေရေး အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေ သည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 
ဆက်လက်၍ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် လာသည့်   မြန်မာအပြည်ပြည်ဆိုင်ရာ  အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတိုင်ပင်ခံအင်ဂျင်နီယာအသင်း(ရန်ကုန်)၊ မြန်မာ နိုင်ငံ ဂဟေအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံစက်မှု အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ မြို့ပြအင်ဂျင်နီယာ များအသင်း၊ မြန်မာနိုင်ငံ စိမ်းလန်းမှုဆိုင်ရာအသင်း တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေသည့်အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း ၍   လုပ်ငန်းလိုအပ်ချက်များနှင့်   အကြံပြုဆွေးနွေး တင်ပြမှုတို့အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                

သတင်းစဉ်