ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ(၁/၂၀၂၄) အစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်  ၁၃


ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ(၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌         ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝင်းရှိန်   တက် ရောက်အမှာစကား ပြောကြားသည်။
ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်
အစည်းအဝေးသို့     ပြည်ထောင်စု ကုန်ဈေးနှုန်း   တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများ၊  ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်   တိုင်း ဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ  အသင်းချုပ်ဥက္ကဋ္ဌတို့က  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်      တက်ရောက်ကြ သည်။
ဆွေးနွေး‌ဆောင်ရွက်
အစည်းအဝေးတွင်    ပြည်ထောင်စု ကုန်ဈေးနှုန်း   တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက ဒုတိယအကြိမ်  အစည်းအဝေး တွင်ချမှတ်ခဲ့သည့်    ဆုံးဖြတ်ချက်   ၁၀ ချက်ကို  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဓိကစားသောက် ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ရေး၊ ၂၀၂၃-၂၀၂၄ မိုးစပါးစိုက်ပျိုး မှုမှ  စပါးထွက်ရှိသည့်အချိန်   ဖြစ်သော် လည်း ဆန်ဈေးနှုန်းနှင့် စပါးဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေအပေါ် မြန်မာ နိုင်ငံဆန်စပါးအဖွဲ့ချုပ်(MRF) တင်ပြထား သည့်  အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေး‌ဆောင်ရွက်ခဲ့ပါကြောင်း။
အလှည့်ကျရောင်းချပေး
ဗဟိုစာရင်းအင်းအဖွဲ့နှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့က   မြို့ကြီး  ၂၂  မြို့ တွင်ဖြစ်ပေါ်နေသည့်   အဓိကကျသော စားသောက်ကုန်ပစ္စည်း   ၁၄   မျိုးတို့၏ ဈေးနှုန်းစာရင်းများကို ၂၀၂၃ ခုနှစ် ဩဂုတ် လမှစ၍ကောက်ယူပြီး သုံးသပ်ချက်များ၊ ဈေးကွက်သတင်းများနှင့်အတူ နေ့စဉ် တင်ပြလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်ကုန်ဈေးနှုန်းကော်မတီများက ၂ ပတ်လျှင် ၁ ကြိမ်   ပြည်ထောင်စု ကော်မတီသို့ တင်ပြလျက်ရှိသည့်ဈေးနှုန်း စာရင်းများအရ   အချို့သောတိုင်းဒေသ ကြီး / ပြည်နယ်များတွင်  ဆန်ဈေးနှုန်း အနည်းငယ်   မြင့်တက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊    လက်ရှိအချိန်တွင် ကုန်ဈေးနှုန်း   တည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး /  ပြည်နယ်အချို့တွင် ဆန်နှင့် စားအုန်းဆီအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများကို   ဝန်ကြီး ဌာနရုံးများ၊   ဝန်ထမ်းအိမ်ရာများနှင့် တက္ကသိုလ်သိပ္ပံကျောင်းများသို့ ဈေးကား များဖြင့်  အလှည့်ကျရောင်းချပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများက သက်သာ သောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အားလုံးပူးပေါင်းဆောင်ရွက်
စားသုံးဆီနှင့်စပ်လျဉ်း၍ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ရောင်းချခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များသို့ စားသုံးဆီများဖြန့်ဖြူး ရာတွင် စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်း စဉ်(SOP)နှင့်အညီ စနစ်တကျဆောင်ရွက် ရေး၊ လက်လီ/လက်ကား ဖြန့်ဖြူးရာတွင် သတ်မှတ်ခွဲတမ်းအတိုင်း ရောက်ရှိစေရေး နှင့်  တာဝန်ရှိသူများ   ကိုယ်တိုင်ပါဝင် ပတ်သက်မှုမျိုးမဖြစ်စေရေး၊  ရည်ညွှန်း ဈေးအတိုင်း    ရောင်းချရေးတို့အတွက် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  မြန်မာနိုင်ငံ   ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အရေးပါသည့်ကုန်ပစ္စည်းများ ၏ ဈေးနှုန်းတည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါး နှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုကိုလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစားပေး ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်အတွက် တိုင်းဒေသ ကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင် သည့် ကော်မတီများနှင့်   သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊  ပုဂ္ဂလိကအသင်းအဖွဲ့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားသည်။
လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်
ဆက်လက်၍ ပြည်ထောင်စု ကုန်ဈေး နှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ က (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက် အပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ အရန်ဆန်များဖြန့်ဖြူးရောင်းချမည့်အစီအစဉ်များ၊  စားသုံးဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျရှိစေ ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကုန် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက် သွားမည့်အခြေအနေများကို  ရှင်းလင်း ဆွေးနွေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ ဝန်ကြီးချုပ်များက မိမိတို့ဒေသ အလိုက် စားသောက်ကုန်ပစ္စည်းထုတ်လုပ် မှုတိုးတက်ရေးနှင့် ကုန်‌ဈေးနှုန်းတည်ငြိမ် စေရေး ဆောင်ရွက်နေမှုများကို ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင် ရာကဏ္ဍနှင့် ဒေသအလိုက်ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက်   ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့်  လိုအပ်ချက်များ ကို  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။              

သတင်းစဉ်