
နေပြည်တော် မတ် ၁၃
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက် ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်း မပြုမီ ဆရာ ဆရာမများက ကျောင်း သား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ် သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်း သူများ စိတ်အေးချမ်းသာစွာဖြေဆို နိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များ၌ သက်ဆိုင် ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ် တကျစောင့်ကြပ် ကြည့်ရှုပေး လျက်ရှိသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ် ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ် ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေး ပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၁၄၆၅၂၃ ရှိပြီး စာမေးပွဲတတိယနေ့ သင်္ချာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၀၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ကျောင်းသား ကျောင်း သူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို နေမှုများကို သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ရေသန့်ဘူး များ နှင့် အချိုရည်ဘူးများပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်