ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်း၌ နွေသီးနှံမျိုးစုံ ၉၁၇၉ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေ

 

ကျောက်ဆည်  မတ်  ၁၃
မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌  ၂၀၂၃ - ၂၀၂၄ ခုနှစ်  ဆည်၊ ကန်၊  တူးမြောင်းများ အလိုက် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့်စိုက်ပျိုးရေနည်းပညာပေး ရှေ့တန်းစခန်းများ၌ နွေသီးနှံများကို စိုက်ပျိုးလျက်ရှိရာ   သင်းတွဲစိုက်ပျိုးရေး   နည်းပညာပေး ရှေ့တန်းစခန်း၌  နွေသီးနှံမျိုးစုံ   ၉၁၇၉   ဧက လျာထားစိုက်ပျိုးလျက် ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရသည်။ 


ထိုသို့နွေသီးနှံများစိုက်ပျိုးရာတွင် နွေစပါးများကို သင်းတွဲစိုက်ပျိုးရေပေးမြောင်းဖြင့် ကုလားကျောင်း ကျေးရွာအုပ်စုတွင် ဧက ၄၀၀၊ နွေနှမ်းများကိုမင်းရဲစိုက်ပျိုးရေပေးမြောင်းဖြင့် ကုလားကျောင်းကျေးရွာ အုပ်စုတွင် ၄၆ ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် ဧက ၈၀၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် ၅၆၈ ဧက၊ သင်းတွဲ စိုက်ပျိုးရေပေးမြောင်းဖြင့် ပြည်တော်သာ ကျေးရွာအုပ်စုတွင် ၇၂ ဧက၊ ရှမ်းတောင်ဦးကျေးရွာ အုပ်စုတွင် ဧက ၁၂၀၊ ပုထိုးနီကျေးရွာအုပ်စုတွင် ၄၀၆ ဧက၊ ကုလားကျောင်းကျေးအုပ်စုတွင် ဧက ၆၄၀၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင် ၁၈၁ ဧက၊ ထန်းဇင် တော်ကျေးရွာအုပ်စုတွင်  ၁၅ ဧက၊အရှေ့ငယ်တိုး ကျေးရွာအုပ်စုတွင် ၂၄၄ ဧက၊ ရွှေဒါးကျေးရွာအုပ်စု တွင် ၈၅ ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် ၁၂ ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းဖြင့် သင်္ဂတုံကျေးရွာ အုပ်စုတွင် ၅၉၈ ဧက၊ အရှေ့သာဂရကျေးရွာအုပ်စု တွင် ၃၁၃ ဧက၊ ကလေးကျေးရွာအုပ်စုတွင် ၆၀၈ ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် ၃၉၁ ဧက၊ပြည်တော်သာ ကျေးရွာအုပ်စုတွင် ဧက ၃၀၀၊ ရှမ်းတောင်ဦးကျေးရွာ အုပ်စုတွင် ၁၂၄ ဧက၊  မိုးကြိုပဲတီစိမ်းသီးနှံများကို မင်းရဲစိုက်ပျိုးရေပေးမြောင်းဖြင့် အရှေ့ငယ်တိုးကျေးရွာ အုပ်စုတွင် ဧက ၅၀၊ ပြည်တော်သာကျေးရွာအုပ်စု တွင် ၅၈ ဧက၊ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် ဧက ၃၃၀၊ ပုထိုးနီကျေးရွာအုပ်စုတွင် ၁၇၆ ဧက၊ ကုလား ကျောင်းကျေးရွာအုပ်စုတွင် ဧက ၁၂၀၊ ငှက္ကတောင် ကျေးရွာအုပ်စုတွင် ဧက ၅၄၀၊ ထန်းဇင်တော်ကျေးရွာ အုပ်စုတွင် ၈၅ ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် ၇၃၁ ဧက၊  ရွှေဒါးကျေးရွာအုပ်စုတွင် ဧက ၄၀၀၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် ၆၉၈ ဧက၊ ငပြောင် စိုက်ပျိုးရေပေးမြောင်းဖြင့် သင်္ဂတုံကျေးရွာအုပ်စုတွင် ၅၅ ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင် ၁၆ ဧက၊ ကလေးကျေးရွာအုပ်စုတွင် ၁၁၆ ဧက၊ မှိုင်းပန်ကျေးရွာ အုပ်စုတွင် ၂၇၃ ဧက၊ပြည်တော်သာကျေးရွာအုပ်စု တွင် ဧက ၃၂၀ စုစုပေါင်း  နွေနှမ်းသီးနှံမျိုးစုံ ၉၁၇၉ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


နွေသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းရေး  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များ စိုက်ပျိုးစေခြင်း၊ စိုက်နည်းစနစ်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက် လျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။      

 
ခရိုင် (ပြန်/ဆက်)