အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများဖိတ်ခေါ်ခြင်း

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟို အဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၇)ကြိမ်မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများအတွက် ယှဉ်ပြိုင်မည့် စာမူနှင့် လက်ရာများ ဖိတ်ခေါ်ပါသည်။
    (၁)    ပြိုင်ပွဲဝင်ရမည့် ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
    (က)    “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ”
    ( ခ )    “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး”
    ( ဂ )    “မူးယစ်အဆိပ်ငွေ့ ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ”
    (ဃ)    “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်”
    ( င )    “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့”
    ( စ )    “မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ်လက်တွဲစို့” (Photo Essay ယှဉ်ပြိုင်ရန် အတွက်သာ)
    (ဆ)    “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကာကွယ်ရေးကို အလေးပေး၊ လူသားအားလုံး ကျန်းမာရေး”
        “People   First:   stop   stigma   and   discrimination,   strengthen         prevention.”        
    (၂)    ဝတ္ထုတိုနှင့် ဆောင်းပါး စာမူကို   စာတစ်မျက်နှာတည်းတွင်    သပ်ရပ်စွာရေး၍   သို့မဟုတ် ကွန်ပျူတာစာစီ၍  မူရင်းနှင့် မိတ္တူပေါင်း ၂ စောင် ပေးပို့ရမည်။ စာလုံးရေ ၃ဝဝဝ မှ  ၅ဝဝဝ အတွင်း ဖြစ်သည်။ ပြိုင်ပွဲဝင် ဝတ္ထုတွင် ပေးအပ်ထားသော ဆောင်ပုဒ်များကို အကျုံးဝင်ဖော် ဆောင်နိုင်သည့် ဝတ္ထုခေါင်းစဉ် တပ်နိုင်သည်။
    (၃)    ကဗျာ စာမူကို စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍  သို့မဟုတ်   ကွန်ပျူတာစာစီ၍ မူရင်းနှင့်မိတ္တူ ပေါင်း ၂ စောင် ပေးပို့ရမည်။ မြန်မာကဗျာ စပ်ထုံးစပ်နည်း မှန်ကန်ပြီး စာကြောင်း ရေ  ၅ဝ မှ  ၁ဝဝ ( ပါဒ ၁၀၀ မှ ၂၀၀ ) အတွင်း ရှိရမည်။
    (၄)    တေးသီချင်းသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့နှင့်  သီဆိုနိုင်၍ ပရိသတ်  နားစွဲလွယ်သော မူးယစ်ဆေးဝါးအလွဲသုံးမှု ပပျောက်စေရေး နှစ်သက်ရာခေါင်းစဉ်ဖြင့် ကိုယ်ပိုင်သံစဉ် သီချင်းသစ် ဖြစ်ပြီး စကားလုံးကျစ်လျစ် ထိရောက်ရမည်။ အပြီးသတ် အချောသွင်းထားသော သီချင်း CD Master နှင့်အတူ စာသားကို သပ်ရပ်စွာရေး၍ (သို့မဟုတ်) ကွန်ပျူတာစာစီ၍ မူရင်း ၁ စောင်ကို ဂီတသင်္ကေတ မူရင်း ၁ စောင်နှင့်အတူ ပေးပို့ရမည်။ 
    (၅)    ဓာတ်ပုံ သည် Photo Essay အဖြစ် ရောင်စုံ သို့မဟုတ် အဖြူအမည်းဖြစ်ပြီး ရွေးချယ်ထားသည့် ဆောင်ပုဒ်နှင့် လျော်ညီစွာရိုက်ကူးထားသော ပုံသေး 10'' x 14'' အရွယ် အနည်းဆုံး ၃ ပုံ မှ အများဆုံး ၅ ပုံ အထိ ထည့်သွင်းပေးပို့ရမည်။ အဆိုပါ ပြိုင်ပွဲဝင် ပုံများ၏ Original  Files များ နှင့် 10'' x 14'' ဓာတ်ပုံ၏ FINAL  OUTPUT   PRINT  FILE ကို CD တွင် ထည့်သွင်းပေးပို့ရမည်။ မည်သည့်ကင်မရာအမျိုးအစားနှင့်မဆို ရိုက်ကူးနိုင်သည်။ မိမိကိုယ်တိုင် ရိုက်ကူးထားသော ပုံများသာဖြစ်ရပါမည်။ Digital အထူးပြုလုပ်ချက်များ ပြုလုပ်ခွင့်မရှိပါ။
    (၆)    ကွန်ပျူတာပိုစတာ သည် ခေါင်းစဉ်နှင့်ရေးဆွဲမှု ထိရောက်သေချာရမည်။ တင်ပြပုံ ရှင်းလင်း သပ်ရပ်ရမည်။ ယှဉ်ပြိုင်သည့်ပုံအား A 4 Size   စက္ကူနှင့် ပုံထုတ်ပြီး CD ဖြင့် ကူးယူရာတွင် မူရင်းပုံအပြင် JPEG Format ဖြင့် ပုံကိုသိမ်းဆည်း၍ ပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိ ပြီးသော ပုံများအား ကူးယူရေးဆွဲခြင်းနှင့် ရေးဆွဲသည့်ပုံတွင် ရေးဆွဲသူ၏ ကိုယ်ရေးအချက် အလက်များ ထည့်သွင်းရေးဆွဲခြင်းမပြုရ။ ရေးဆွဲသည့်ပုံတွင် မိမိရွေးချယ်သော ခေါင်းစဉ်အား ပေါ်လွင်အောင် ထည့်သွင်းရေးဆွဲရမည်။ ကျောဘက် (သို့မဟုတ်) ပိုစတာဒီဇိုင်း၏ ညာဘက် အောက်ခြေတွင် လက်မှတ်ရေးထိုးရမည်။ ပိုစတာကို အလျားလိုက်(Landscape) ရေးဆွဲပေးပို့ ရပါမည်။
    (၇)    ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများကို  မူလတန်း၊  အလယ်တန်းနှင့်  အထက်တန်း  ဟူ၍  ၃ ဆင့် ယှဉ်ပြိုင်ခွင့်ပြုသည်။ မူလတန်းအဆင့် (Grade 2 - Grade 5 )၊ အလယ်တန်းအဆင့် (Grade 6 - Grade 9 )နှင့် အထက်တန်းအဆင့် (Grade 10 - Grade 12 ) ဖြစ်ပါသည်။ ရေးဆွဲ မည့်စက္ကူ ယူလာရန်မလိုပါ။ 15'' x 20'' အရွယ် ရေးဆွဲရမည်။ ခဲတံ(သို့မဟုတ်) ရောင်စုံခဲတံဖြင့် ရေးဆွဲခြင်း မပြုရ။ နှစ်သက်ရာဆေးကို ယူလာပြီး နှစ်သက်ရာနည်းဖြင့်  ပန်းချီ၊   ပိုစတာ ရေးဆွဲချိန် ၃ နာရီ၊ ကာတွန်းရေးဆွဲချိန် ၂ နာရီ သတ်မှတ်၍ ကျောဘက်တွင် လက်မှတ်ရေးထိုးရ မည်။ 
    (၈)    ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်းဟူ၍ နှစ်ဆင့်ခွဲပြီး ယှဉ်ပြိုင်ခွင့်ပြု သည်။ အလယ်တန်းအဆင့်(Grade 6 - Grade 9 )နှင့် အထက်တန်းအဆင့် (Grade 10-Grade 12) ဖြစ်ပါသည်။ မူလတန်းအဆင့်ကျောင်းသား/ သူများ ပါဝင်ယှဉ်ပြိုင်လိုပါက အလယ်တန်း အဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲအချိန်အတွင်း ရေးဆွဲထားသောပုံဖြစ်ရမည်။ အသင့် ရေးဆွဲထားသောပုံ မပါစေရ။ Software  Programme ကို Corel draw, Photoshop, Claris office ကြိုက်ရာ တစ်မျိုးမျိုးဖြင့် ရေးဆွဲနိုင်ပါသည်။ ရေးဆွဲချိန် ၃ နာရီ သတ်မှတ်သည်။ ယှဉ်ပြိုင်သည့် ပုံအား A4 Size စက္ကူနှင့် ပုံထုတ်ပြီး CD ဖြင့် ကူးယူရာတွင် မူရင်းပုံအပြင် JPEG Format ဖြင့် ပုံကို သိမ်းဆည်း၍ ပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိပြီးသောပုံများအား ကူးယူရေးဆွဲခြင်း မပြုရ။ 
    (၉)    ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲတို့တွင် ပြိုင်ပွဲတစ်ခုစီအတွက် တစ်ဦးလျှင် စာမူတစ်စောင်၊ တေးသီချင်း ပြိုင်ပွဲတွင် တစ်ဦးလျှင်တစ်ပုဒ်၊ ကွန်ပျူတာပိုစတာ ပြိုင်ပွဲတွင် တစ်ဦးလျှင် တစ်ပုံ ယှဉ်ပြိုင်ခွင့်ရှိသည်။
    (၁၀)        ဓာတ်ပုံ ပြိုင်ပွဲဝင်တစ်ဦးလျှင် 10'' x 14'' လက်မအရွယ် Photo Essay အနည်းဆုံး    ၃ ပုံမှ အများဆုံး ၅ ပုံအထိ ယှဉ်ပြိုင်နိုင်သည်။ ပုံများ၏အကြောင်းအရာ Caption ကို စာကြောင်းရေ ၅ ကြောင်းခန့် ရေးသားပြီး ဓာတ်ပုံ၏ နောက်ဘက်တွင် ကပ်ထားရမည်။ ပြိုင်ပွဲဝင် ၁ ဦးလျှင် ဆုကြီး ၁ ဆုနှင့် နှစ်သိမ့်ဆု ၂ ဆု ခံစားခွင့်ရှိသည်။ Photo Essay ကို “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့” ခေါင်းစဉ်ဖြင့် သီးသန့် ယှဉ်ပြိုင်ရမည်။
    (၁၁)    ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲဝင်များသည် အတန်းအထောက်အထား အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များမှ ကြီးမှူးကျင်းပသည့် လက်တွေ့ရေးဆွဲယှဉ်ပြိုင်ပွဲများမှတစ်ဆင့်  ဝင်ရောက်ယှဉ်ပြိုင် ကြရမည်။ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင့်လျော်သည့် နေ့ရက်တွင်  ပြိုင်ပွဲကျင်းပရမည်။
    (၁၂)    ပြိုင်ပွဲဝင်များအားလုံးသည်   ပတ်စ်ပို့အရွယ်  ဓာတ်ပုံ ၂ ပုံ၊ အမည်ရင်း၊ ကလောင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကိုယ်ရေးအကျဉ်း၊ ကိုယ်တိုင်ရေးသား၊ သီကုံး၊ ရိုက်ကူး၊ ရေးဆွဲခြင်းဖြစ်ကြောင်း၊ မည်သည့် စာစောင်တွင်မှ ပုံနှိပ် ဖော်ပြဖူးခြင်း မရှိကြောင်းနှင့် ဆုရရှိခဲ့ဖူးခြင်းမရှိကြောင်း ဝန်ခံချက် ပူးတွဲပေးပို့ရမည်။
    (၁၃)    ပြိုင်ပွဲဝင်  စာမူများနှင့်  လက်ရာများကို  တာဝန်ခံ၊ မူးယစ်ပြတိုက်၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပေးပို့ရမည်။ ဆက်သွယ်ရန် ဖုန်းအမှတ်မှာ ဝ၁၅ဝ၅၂၆၁ ဖြစ်ပါသည်။ 
    (၁၄)    ပြိုင်ပွဲဝင်စာမူနှင့် လက်ရာများ၊ နောက်ဆုံးရောက်ရှိရမည့် နေ့ရက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    တေးသီချင်း    ၃-၅-၂ဝ၂၄
    ( ခ )    ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ    ၁၃-၅-၂ဝ၂၄
    ( ဂ )    ကွန်ပျူတာပိုစတာ    ၄-၆-၂၀၂၄
    (ဃ )    ဓာတ်ပုံ    ၃-၆-၂ဝ၂၄
    ( င )    ပန်းချီ၊ ကာတွန်း၊ ပိုစတာ    ၇-၆-၂ဝ၂၄
    ( စ )    ကွန်ပျူတာပန်းချီ    ၁၀−၆−၂၀၂၄    
    (၁၅)    အလွတ်တန်းပြိုင်ပွဲများမှ ပထမဆု ရရှိသူ ၆ ဦးနှင့် ပြိုင်ပွဲအားလုံးတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆု  ၃  ဆုရွေးချယ်မည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ပါသည်။ 
    (၁၆)    ရွေးချယ်ခြင်းမခံရသည်များကို ပြန်လည်ပေးပို့မည်မဟုတ်ပါ။
မှတ်ချက်။        မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်  ခံယူကာ   ပြည်သူအားလုံးမှ တက်ကြွစွာ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။