ဆီဆိုင်မြို့ကို တပ်မတော်က ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   မတ်   ၈
ရှမ်းပြည်နယ်တောင်ပိုင်း   ဆီဆိုင်မြို့ကို မတ် ၆ ရက်က တပ်မတော်မှ ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက် ခဲ့ကြောင်း   သတင်းတု၊  သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေ သည်ကို တွေ့ရသည်။
အဆိုပါသတင်းနှင့်     ပတ်သက်၍ မတ် ၆ ရက်က  ဆီဆိုင်မြို့တွင် မည်သည့် တိုက်ပွဲမျှဖြစ်ပွားခြင်း     မရှိကြောင်း၊ ထို့အပြင်    တပ်မတော်မှ    လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခြင်းများနှင့်      ဓာတုအဆိပ်ငွေ့ဗုံး များအသုံးပြု၍    တိုက်ခိုက်ခဲ့ခြင်းမရှိ ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ များက မတ် ၇ ရက်က ဆီဆိုင်မြို့အတွင်း သို့ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်     နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူများထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။
တရားမဝင်    ပြည်ဖျက်မီဒီယာများ အနေဖြင့်     အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို  ဖုံးကွယ်ရန်အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းမှားများဖြင့် ပြည်သူ များ အထင်အမြင်  လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်