
ဂါဇာ မတ် ၈
ဟားမားစ်တို့ တောင်းဆိုထားသည့် အခြေအနေများကို သဘောတူ ခြင်းမရှိဘဲ အစ္စရေးတို့က ၎င်းတို့၏ ဓားစာခံများကို ပြန်လွှတ်ပေးရန် ရည်ရွယ်ထားခြင်း မှာ လုံးဝမဖြစ်နိုင်ဟု ဟားမားစ် အရာရှိ တစ်ဦးက မတ် ၇ ရက်တွင် ပြောသည်။
အပစ်အခတ်ရပ်စဲခြင်းအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် အတွင်း အစ္စရေးတို့ဘက်မှ ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲခြင်းဆွေးနွေးမှု အတွက် ပါလက်စတိုင်းအဖွဲ့များက သတ်မှတ်ထားသည့် အခြေအနေ များကို ငြင်းဆိုခဲ့ကြောင်း ဟားမားစ်အရာရှိတစ်ဦးက ဆက်လက် ပြောသည်။
ဟားမားစ်ခေါင်းဆောင်များသည် စေ့စပ်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်ရန်အတွက် မတ် ၇ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ထွက်ခွာခဲ့ကြသည်။ လာမည့် သီတင်းပတ်အတွင်း ကိုင်ရိုမြို့တွင် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင် မည်ဟု အီဂျစ်သတင်း အရင်းအမြစ်များအရ သိရသည်။
တနင်္ဂနွေနေ့မှစတင်ကာ ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ချိန်တွင် အီဂျစ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများတွင် အမေရိကန်၊ ကာတာနှင့် ဟားမားစ်တို့မှ ကိုယ်စားလှယ်များ ပါဝင် ကြသည်။
ဆင်ဟွာ