အမေရိကန်-ဗြိတိန် ညွှန့်ပေါင်းတပ်က ယီမင်ဆိပ်ကမ်းမြို့ကို လေးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်

 

ဆာနား မတ် ၈


ပင်လယ်နီတွင်  စခန်းချနေသည့် အမေရိကန်နှင့် ဗြိတိန်ရေတပ်များမှ  တိုက်လေယာဉ်များသည်   ယီမင်ဆိပ်ကမ်းမြို့ဖြစ်သည့်  ဟူဒေးဒါးကို   မတ် ၇ ရက်က လေကြောင်း  တိုက်ခိုက်မှု  လေးကြိမ်ထက်   မနည်း ပြုလုပ်ခဲ့သည်ဟု ဟူသီတို့ ထိန်းချုပ်ထားသည့် ရုပ်သံ  အယ် -မာရှီရာ့ တွင် ဖော်ပြထားသည်။ 


ယင်းသို့တိုက်ခိုက်မှုကြောင့်    ဟူဒေးဒါး   အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်အခြားသောနေရာ နှစ်ခုတို့တွင်   ထိမှန်ခဲ့သည်ဟု ရုပ်သံ တွင် ဖော်ပြထားသည်။ ဟူသီတို့ ထိန်းချုပ်ထားသည့်မြို့တွင်း၊ မြို့ပြင် တွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ကြုံတွေ့ခဲ့ရသည်ဟု   ဟူဒေးဒါး ဒေသခံများက အတည်ပြုပြောကြားခဲ့သည်။


အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ညွန့်ပေါင်းတပ်မှ မည်သည့် မှတ်ချက်မျှ   ပြောကြားခဲ့ခြင်း  မရှိချေ။   မတ် ၆ ရက်ကလည်း  အမေရိကန်ပိုင်    ကုန်တင်သင်္ဘောကို   အေဒင်ပင်လယ်ကွေ့တွင်    ဒုံးကျည်ဖြင့်   ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဟူသီအုပ်စုက   ပြောသည်။        ဟူသီတို့၏ သင်္ဘောဖျက် ဒုံးကျည်ပစ်ခတ်မှုကြောင့် သင်္ဘောသား   သုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု  အမေရိကန်  ဗဟို ကွပ်ကွဲရေးဌာနက ပြောသည်။ 


ယင်းသို့ တိုက်ခိုက်မှုကြောင့် သင်္ဘောမှာလည်း  ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရသည်။ အမေရိကန်နှင့်ဗြိတိန်တို့  ပူးပေါင်း၍  ဟူသီ အုပ်စုကို နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသော် လည်း   ပါလက်စတိုင်း ဟားမားစ်စစ်သွေးကြွများကို  တိုက်ခိုက်နေမှု များ အစ္စရေးဘက်မှ မရပ်မချင်း  သင်္ဘောများကို   ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ   ဆက်လက်လုပ်ဆောင်သွားမည်ဟု     ဟူသီတို့က ကတိပြုထားသည်။ 


ဆင်ဟွာ