
မန္တလေး မတ် ၈
၂၀၂၄ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ကြီးမှူး၍ ချမ်းအေးသာစံမြို့နယ် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော် ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားရာ တွင် မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်း ရှင်းပါ ပြဋ္ဌာန်းချက်များကို အလေးအနက်ထား အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ် များစွာလိုအပ် ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့်အမျိုးသမီးများသည် နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်ပါ ကြောင်း၊ နိုင်ငံတော်က အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြင့်မားရေးနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက် စေရေး၊ ကဏ္ဍစုံတွင်အမျိုးသမီးများနှင့် အမျိုးသား များ တန်းတူပါဝင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတကာ၊ အာဆီယံနှင့် နိုင်ငံအဆင့် လုပ်ငန်းစဉ်မူဝါဒများနှင့် အညီ အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာ ဆောင်ရွက် နေပါကြောင်း၊ ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ကဏ္ဍစုံတွင် အမျိုးသမီးများ၏စွမ်းရည်ကို အသုံးချ နိုင်ရန်နှင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ ဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်း အမှတ်(UN Message Video Clip)နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ (Video Clip)ပြသမှုများ၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ ပြည်လုံးချမ်းသာပရဟိတဂေဟာ နှင့် ဧရိပ်မွန်အမျိုးသမီးကလေးများကျောင်းတို့မှ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ဂုဏ်ပြုတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်